Myanmar Radio May 3rd Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)
(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ တိုင်း/ပြည်နယ်အနက် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိသည့် ပြည်နယ်အဖြစ် ကယားပြည်နယ် တခုတည်းကသာ ကျန်တော့တယ် ဆိုတဲ့သတင်း၊ ဂျပန်ဆန်စပါးမျိုး ကယားပြည်နယ်မှာ စိုက်ပျိုးမယ်ဆို အောင်မြင်နိုင်ဟုဆိုလိုက်တဲ့သတင်းနဲ့ “လက်မှုတူရိယာဖြင့် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဇနီးမောင်နှံ” ဆိုတဲ့ ဆောင်းပါးလေးအပြင် အပတ်စဉ် တင်ဆက်နေကျ သီချင်းလက်ဆောင်ကနေလည်း သီချင်းကောင်းလေး တစ်ပုဒ်ကို ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

တပ်မတော်မှ ကေအဲန်ပီပီအား COVID-19 ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

Fri May 22 , 2020
နော်ဒွေးအယ်ခူ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာလအတွင်း မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) အဖွဲ့ဝင်များမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အား COVID-19 ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းသွားတယ်လို့သိရပါတယ်။ “အစကတော့ ကေအန်ပီပီရုံးမှာပေးဖို့ရှိတယ် မိုးကရုတ်တရက်ရွာချလာခဲ့ရင် ပစ္စည်းတွေသယ်တာရွေ့တာခက်ခဲတာဖြစ်မှာစိုးတဲ့အတွက် ဒီခန်းမမှာပဲတွေ့ဆုံပြီးတော့ ပေးအပ်ရခြင်းဖြစ်ပါတယ်။ ဒါကတော့ ကျတော်တို့တပ်မတော်ရဲ့ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်မှုအများကြီးထဲကနေပြီးတော့ တစ်ခုဖြစ်ပါတယ်” လို့ ဒကစမှူး ဗိုလ်မှူးကြီးထွန်းနိုင်ဦးက အမှာစကားပြောပါတယ်။ ယနေ့ မေလ ၂၂ ရက်နေ့ ကယားပြည်နယ် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)ရိပ်သာမှာ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ တပ်မတော်(ကြည်း၊ ရေ၊ လေ) မှ လှူဒါန်းတဲ့ပစ္စည်းတွေကို ကေအန်ပီပီအဖွဲ့ကိုထောက်ပံ့လှူးဒါန်းလိုက်ခြင်းအားဖြင့် ပြည်သူလူထုကို ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင်ကာကွယ်နိုင်လိမ့်မယ်လို့ ဒကစမှူး ဗိုလ်မှူးကြီးထွန်းနိုင်ဦးက အမှာစကားမှာထည့်သွင်းပြောကြားပါတယ်။ […]

ဆက်စပ်သတင်းများ