Myanmar Radio Sept 4th Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)
(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ ကယားပြည်နယ်မဲရုံများအတွက် အထူးရဲ ၂၀၀ ကျော်ခန့်အပ်သွားမယ်ဆိုတဲ့သတင်း၊ ရွေးကောက်ပွဲတွေ မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမည့် nld အမတ် ဒေါ်ရှားမူအကြောင်းနဲ့ ဘိန်းစိုက်တောင်သူတွေအကြောင်း ရေးထားတဲ့ “ဘိန်းပန်းတွေရဲ့ နေဝင်လုနီးချိန်” ဆိုတဲ့ ဆောင်းပါးလေးအပြင် သီချင်းလက်ဆောင်အနေနဲ့ တေးရေး၊ တေးဆို G san ကိုယ်တိုင် ဖန်တီးသီဆိုထားတဲ့ စာလွှာလေးဆိုတဲ့ သီချင်းလေးတို့ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

ကပ်ရောဂါကာလအတွင်း ပြောင်းဈေးကျပြီး တောင်သူတွေစိုးရိမ်မှုတွေမြင့်တက်လာ

Mon Sep 28 , 2020
အန်ထောနီ ကိုရိုနာဗိုင်းရပ်(စ်)ထိန်းချုပ်ရေးလုပ်ငန်းမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ပြောင်းဝယ်သူတွေနည်းလာပြီးတော့ ဈေးတွေလည်း တဖြည်းဖြည်းထိုးကျလာတဲ့အပေါ် ပြောင်းစိုက်တောင်သူတွေ အခက်တွေ့ပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အခုလိုပြောင်းဈေးတွေကျလာတဲ့အတွက် လုပ်အားခနဲ့ကုန်ကျစရိတ်တွေက အမြတ်မရှိတဲ့အပြင် အရှုံးပေါ်မှာကို စိုးရိမ်နေကြရပါတယ်။ “ တစ်ကယ်လို့ဈေးမရှိတဲ့အချိန်ဆိုရင် အလုပ်သမားခေါ်တဲ့အပေါ်မှာလည်း တစ်နေ့ကို ၆၀၀၀ ကျပ် ပေးရတယ်။ ဒါပေမယ့် ကျနော်တို့တစ်ခါတစ်လေပြန်တွက်ကြည့်မယ်ဆိုရင် ဒီဈေးနှုန်းနဲ့ ဒီအလုပ်သမားခနဲ့ ပြန်ပြီးတော့ ရနိုင်မလား မရနိုင်ဘူးလားဆိုပြီး အဲ့လိုမျိုးစိုးရိမ်တယ်ပေါ့။” လို့ ရုမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နောင်လှိုင်ကျေးရွာ ကိုဘီးဒူ ကပြောပါတယ်။ အရင်နှစ်က အခုချိန်ဆိုရင် ပြောင်းဈေး အနှိမ့်ဆုံး တစ်ပိသာ၄၁၀ ရှိပြီးတော့ ယခုချိန်မှာတော့ ၃၇၀ ကျပ်အထိ ဈေးကျသွားပြီး တဖြည်းဖြည်းဆက်ကျသွားမှာကို ပြောင်းစိုက် တောင်သူတွေ […]