spot_img
Homeသတင်းELTV နှင့်ပတ်သက်ပြီး သတင်းအချက်အလက် သဘောထားစစ်တမ်းကောက်ယူမှု

ELTV နှင့်ပတ်သက်ပြီး သတင်းအချက်အလက် သဘောထားစစ်တမ်းကောက်ယူမှု

-

လေးစားရပါသော မိတ်ဆွေများ။

တိုင်းရင်းသားဘာသာ ရုပ်သံအစီအစဉ် – ELTV နှင့်ပတ်သက်ပြီး သတင်းအချက်အလက် သဘောထားစစ်တမ်းကောက်ယူမှု – Survey လုပ်ငန်းစဉ်တစ်ခုကို BNI ၏ ELTV အစီအစဉ်က ပြင်ဆင်ထားပါသည်။

ELTV ၏ တင်ဆက်မှု၊ ထုတ်လုပ်မှုအပိုင်း ပိုမိုအားကောင်းစေရန် ရည်ရွယ်သည့် ဆန်းစစ်ချက်ဖြစ်သည့်အတွက် မိတ်ဆွေများအနေဖြင့် အချိန်အနည်းငယ်ယူပြီး မေးခွန်းများကို ဖြေကြားပေးဖို့ မေတ္တာရပ်ခံလိုပါသည်။

QR code ဖြင့်သော်လည်းကောင်း၊ Link ဖြင့်သော်လည်းကောင်း ဝင်ရောက်ဖြေကြားနိုင်ပါသည်။

မိတ်ဆွေများ၏ ဝေဖန်ထောက်ပြချက်၊ အကြံပြုချက်ကြောင့် မိမိတို့၏ ELTV အစီအစဉ်အနေဖြင့် ပြည်သူလူထုများ သိသင့်သည့်အကြောင်းအရာ၊ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပိုမိုတင်ပြနိုင်မည်ဖြစ်သလို စုံလင်ကွဲပြားသော တိုင်းရင်းသားလူမျိုးများအတွက် ပြည်သူလူထု အကျိုးပြု ရုပ်သံမီဒီယာဝန်ဆောင်မှုကို ထိရောက်စွာ ဆက်လက် တင်ဆက်သွားနိုင်မည်ဟု ရည်မှန်းထားခြင်းဖြစ်သည်။

Burma News International (BNI) သည် တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် – ELTV ကို ၂၀၁၅ ခုနှစ်၊ မေလမှစ၍ တိုင်းရင်းသားဘာသာစကားများဖြင့် ရုပ်သံသတင်းများထုတ်လုပ်ခဲ့ပြီး DVB ရုပ်သံလိုင်းမှတဆင့် အပတ်စဉ် ထုတ်လွှင့်ခဲ့ပါသည်။

တိုင်းရင်းသားပြည်နယ်အသီးသီးရှိ တစ်ပတ်အတွင်း သတင်းဦး၊ သတင်းထူးများကို မွန်၊ ကယား (ကရင်နီ)၊ ကရင်၊ ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင် တိုင်းရင်းသားဘာသာဖြင့် ညနေ ၅ နာရီ ၁၅ မိနစ်နှင့် ပြန်လည်ထုတ်လွှင့်ချက်အား နောက်တစ်နေ့နံနက် ရး၁၅ မိနစ်တွင်လည်းကောင်း၊ မြန်မာဘာသာဖြင့် ညနေ ၅ နာရီ ၄၅ မိနစ်နှင့် ပြန်လည်ထုတ်လွှင့်ချက်အား နောက်တစ်နေ့နံနက် ၉း၁၅ မိနစ်တွင်လည်းကောင်း DVB ရုပ်သံလိုင်းတွင် ကြည့်ရှုအားပေးနိုင်ကြပါသည်။

တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် – ELTVBurma News International (BNI)

http://bit.ly/BNIELTV

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ