spot_img
15.4 C
Loikaw
Tuesday 10, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကယားပြည်နယ်နေ့ကျင်းပရာမြေနေရာများအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကျပ်သန်းပေါင်း ၅၆၀ ကျော်ဖြင့် ဆောင်ရွက်နေ

ကယားပြည်နယ်နေ့ကျင်းပရာမြေနေရာများအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကျပ်သန်းပေါင်း ၅၆၀ ကျော်ဖြင့် ဆောင်ရွက်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်နေ့ နေ့ထူးနေ့မြတ် ကျင်းပရာ ကွင်းနေရာကို အများပြည်သူသွားလာရေး အဆင်ပြေစေဖို့ အတွက် လူထုရဲ့ တင်ပြတောင်းဆိုချက်အရ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးဦးသန်းထွန်းထံမှ သိရပါတယ်။

ကယားပြည်နယ် ရံပုံငွေ ကျပ်သန်းပေါင်း ၅၆၀ ကျော် ကိုအသုံးပြုပြီး တင်ဒါအောင်တဲ့ ကုမ္ပဏီတွေဖြစ်ကြတဲ့ Royal Copper Company၊ Royal Thiridaw Company၊ Kayah Golden Brother Company တို့က လုပ်ငန်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။

“၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်ထဲမှာ ငွေလုံးငွေရင်းနဲ့ သာမန်လုပ်ငန်းတွေကို နိုင်ငံတော်သမ္မတရဲ့ ၁/၂၀၁၇အမိန့််ကြော်ညာစာနဲ့အညီ ပွင့်လင်းမြင်သာစွာနဲ့တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပါတယ်။ တင်ဒါခေါ်ယူဆောင်ရွက်တဲ့နေရာမှာ လွိုင်ကော်မြို့ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ ကယားပြည်နယ်နေ့ ကယားဒေးကွင်းပေါ့ ကယားပြည်နယ်ကွင်းမှာ လူထုတွေရဲ့တောင်းဆိုချက်တင်ပြချက်အရ နှစ်စဉ်ဒီပွဲကိုကျင်းပတဲ့နေရာမှာ ပွဲလာသူတွေ ကောင်းကောင်းမွန်မွန်နဲ့ သွားလို့လာလို့ ဝယ်လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကယားဒေးကွင်း ဈေးဆိုင်ဖက်အခြမ်းကို ကွန်ကရစ်ခင်းဖို့ဆိုတဲ့ လုပ်ငန်းတစ်ခုဖြစ်လာတယ်” လို့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောပါတယ်။

Roayal Cobber Company ကနေပြီး ကယားဒေးကွင်းရင်ပြင်ကွန်ကရစ်ခင်းခြင်းအတွက် ပေ ၂၀၀၊ ပေ၃၀၀အကျယ် ၉လက်မထုကွန်ကရစ်ခင်းခြင်းကို ခန့်မှန်းလျာထားငွေ (၁၈၇.၂)သန်းနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကယားဒေးကွင်းဈေးဆိုင်တန်းနေရာအတွင်း ကွန်ကရစ်ခင်းခြင်းကို Kayah Golden Brother Company မှ ပေ ၃၅၈၀၊ ပေ ၄၄၅ ၉လက်မထုကွန်ကရစ်ခင်းခြင်းကို ခန့်မှန်းလျာထားတန်ဖိုး ကျပ် (၁၃၈.၉၀၉)သန်း၊ Royal Thiri Daw Company မှ ပေ ၆၃၅၀ အကျယ် ၁၂ပေအတွက် ခန့်မှန်းလျထားတန်ဖိုး ကျပ်(၂၃၇.၇၄၄)သန်းဖြင့် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကယားပြည်နယ်နေ့ပွဲတော်ကို လာလည်ကြသူအနေနဲ့ အဆင်ပြေစွာ လည်ပတ်နိုင်ရေး၊ စည်ပင်သာယာရေးအပိုင်းအနေနဲ့လည်း သန့်ရှင်းရေးလုပ်ရလွယ်ကူခြင်း၊ ဈေးဆိုင်တန်းများ အဆင်ပြေစွာနေရာချထားနိုင်ခြင်း စတဲ့အားသာချက်တွေဖြစ်တယ်လို့ ဦးသန်းထွန်းက ရှင်းပြပါတယ်။

“ပွဲတော်လာတဲ့ပြည်သူအတွက်က အရမ်းကြီးကို ဖြောင့်ဖြောင့်ဖြုးဖြုးနဲ့ သာသာယာယာနဲ့ပွဲဈေးလည်ပတ်လို့ရတယ်။ ဒါတစ်ချက်ပေါ့။ နောက်တစ်ခု ကျတော်တို့စည်ပင်သာယာရေးအပိုင်းကျ အဲဒီလိုမျိုးလမ်းလုပ်ပေးတဲ့အခါကျတော့ လမ်းကိုနေ့တိုင်းသန့်ရှင်းရေးလုပ်တဲ့အခါကျရင် အရမ်းကြီးကိုလွယ်ကူတယ်။ဒါကျတော်တို့အားသာချက်ပေါ့။ နောက်တစ်ချက်က အဲလိုမျိူး လမ်းသတ်မှတ်ပေးလိုက်တဲ့ခါကျတော့ ပွဲဈေးဆိုတာ တော်တော်များများက ကျူးကျော်တဲတွေရှိလာတာများတယ်။ အဲ့တော့ အဲလိုလမ်းတွေနဲ့သတ်မှတ်ပေးတော့ သူ့ဘလောက်နဲ့သူလုပ်ပေးလိုက်ခါကျတော့ ကျူးကျော်တွေလည်း သိပ်မရှိလာဘူး။ဒါကျတော်တို့ရဲ့အားသာချက်” လို့ ဦးသန်းထွန်းကပြောပါတယ်။

အဆိုပါ ကယားပြည်နယ်နေ့ကျင်းပရာမြေနေရာ ကွန်ကရစ်ခင်းခြင်းကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်ဖြင့် ၂၀၂၀အောက်တိုဘာလမှ ၂၀၂၁ အောက်တိုဘာလအထိ ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ တင်ဒါရကုမ္ပဏီမှ မြေနေရာကွန်ကရစ်ခင်းခြင်းကို စတင်ဆောင်ရွက်လျက်ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ