spot_img
15.4 C
Loikaw
Tuesday 10, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းပြည်သူတွေအချိန်မရွေးဆက်သွယ်ဖို့ KySDP ကအနိုင်ရ ကိုယ်စားလှယ်တွေ ဖုန်းနံပါတ်ထုတ်ပြန်

ပြည်သူတွေအချိန်မရွေးဆက်သွယ်ဖို့ KySDP ကအနိုင်ရ ကိုယ်စားလှယ်တွေ ဖုန်းနံပါတ်ထုတ်ပြန်

-

ဦးမြာ

ကယားပြည်နယ်ဒီမိုကရက်စတစ်ပါတီ (KySDP)မှ အခုရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ကိုယ်စားလှယ်တွေရဲ့ ဖုန်းနံပါတ်၊ ဖေ့စ်ဘွတ်အကောက်၊ အီးမေးလ်တွေကို Kayah State Democracy Party Facebook Page မှတဆင့် ထုတ်ပြန်လိုက်ပါတယ်။

အခုလိုထုတ်ပြန်လိုက်တာက ပြည်သူတွေနဲ့ အလွယ်တကူဆက်သွယ်နိုင်ဖို့ဖြစ်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) အတွင်းရေးမှူး ဦးသဲရယ်ကပြောပါတယ်။

” ပြည်သူလူထုတွေက ကျနော်တို့ကို အလွယ်တကူဆက်သွယ်နိုင်ဖို့ ကျနော်တို့အဆင်သင့်ရှိတယ်ဆိုတဲ့ကြောင်းဖော်ပြတာလည်းဖြစ်ပါတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေရဲ့ဖုန်းနံပါတ်ကို အလွယ်တကူဆက်သွယ်လာပြီးတော့ ကျနော်တို့တတ်နိုင်တဲ့ဘက်ကနေ ကူညီတောင်းလို့ရတယ်ဆိုတဲ့သဘောမျိုးနဲ့ ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ “

ပြည်သူလူထုဆီမှာဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ၊ပြဿနာတွေ၊ သူတို့ဒေသမှာ အခက်အခဲရှိနေတာက ဘာတွေလဲဆိုတဲ့ဟာတွေ သူတို့ပြောပြလာတဲ့အပေါ်မှာပြန်တုံ့ပြန်မှာဖြစ်ပြီး အနည်းဆုံး မကူညီနိုင်ရင်တောင် လမ်းညွှန်မှုပေးတဲ့အပိုင်းတွေ ဆောင်ရွက်ပေးသွားမယ်လို့ သူကဆက်ပြောပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)က ကိုယ်စားလှယ် ၈နေရာအထိအနိုင်ရရှိထားပါတယ်။
ကယားပြည်နယ်မှာ လွှတ်တော်နေရာ၂၀အထိ အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ရွေးကောက်ပွဲမတိုင်ခင် ပါတီကနေ လူမှုကွန်ယက်စာမျက်နှာတွေဖွင့်ထားခိုင်းတာရှိပြီး အဲ့ကနေတဆင့်ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

တချို့သော အနိုင်ရသူတွေရဲ့ ဖုန်းနံပါတ်တွေကို ကန္တာရဝတီတိုင်း(မ်)ကနေ ဆက်သွယ်ရာမှာ ဖုန်းတွေ လက်ခံဖြေကြားခြင်းမရှိပါဘူး။

ကယားပြည်နယ်မှာ လွှတ်တော် ၆နေရာအထိအနိုင်ရရှိထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုတော့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် ယနေ့ချိန်ထိ အထိ ဖြေကြားပေးခြင်းမရှိသေးပါ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ