spot_img
Homeသတင်းလွိုင်ကော်မြို့အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်

လွိုင်ကော်မြို့အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့မှ ဩဂုတ်လ ၂၄ရက်နေ့မှစပြီး ည(၈)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရအမိန့်ကို ရပ်ကွက်နဲ့ မြို့တွင်းမှာ ကားနဲ့ လှည့်လည်ပြီး ကြေညာသွားတယ်လို့ သိရပါတယ်။

“ ညနေ ၄နာရီလောက်က လာအော်တယ်လေ ဒေါတမရပ်ကွက်မှာအော်တာတော့ ညမထွက်ရရယ်၊ အဝေးကလူတွေလာရင် နယ်မြေမှူးတွေကို ပြောပြဖို့၊ အသက် ၆၀အောက်ဆုံးရင် ဆေးရုံကို ပို့ပြီး စာယူရမယ်ဆိုလားပဲ။ ထွေထွေထူးထူးတော့မရှိလောက်ပါဘူး မကြေညာထားတုန်းကလည်း ညထွက်ရင် ပစ်နေတာပဲကိုး ခုဟာက ထွက်ရင်ပစ်မှာလား ဖမ်းမှာလားတော့ မသဲကွဲဘူး။”လို့ လွိုင်ကော်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ယခင်က ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းမရှိပေမယ့်လည်း လွိုင်ကော်မြို့တွင်း ညအချိန်မှာ တွေ့ရှိတဲ့သူတွေကို သေနတ်ဖောက်ပြီး လိုက်လံပစ်တာတွေရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ