spot_img
16.7 C
Loikaw
Tuesday 10, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းFVMက စတင်ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်ကလေးတွေအတွက် To Federal Education

FVMက စတင်ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်ကလေးတွေအတွက် To Federal Education

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဖက်ခြမ်းက စစ်ရှောင်ကျေးရွာ တစ်ခုမှာ စစ်ရှောင်ကလေးတွေအတွက် Freelance Volunteer Myanmarက စာသင်ကျောင်း( To Federal Education )ကို အောက်တိုဘာ ၁၈ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

သူငယ်တန်းကနေ စတုတ္ထတန်းအထိ စတင်သင်ကြားသွားမှာ ဖြစ်ပြီး စာသင်ကျောင်းဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက်ကို FVMအဖွဲ့က တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို အခုလိုပြောပါတယ်။

“ ကျနောတို့ ဒီစာသင်ကျောင်းကို ဖွင့်ရတဲ့ ရည်ရွယ်ချက်က စာသင်တာထက် ကျနောတို့ သူတို့ရဲ့ Thinkingပိုင်းကို အဓိကသွားတာပေါ့နော။ သူတို့ရဲ့ တွေးခေါ်မှုဆိုင်ရာတွေကို ကျနောတို့ ဒီဦးနှောက်ကို ဖွံ့ဖြိုးချင်တဲ့ရည်ရွယ်ချက်နဲ့ ကျနောတို့ ဒီကျောင်းကို ထူထောင်ခဲ့ရခြင်း ဖြစ်ပါတယ်။ “

Freelance volunteer Myanmar For Federal Education School ဖြစ်ပြီးတော့ မြန်မာ၊ အင်္ဂလိပ်၊သင်္ချာ ဘာသာရပ်တွေ အပြင် Gender equality ( ကျား၊ မတန်းတူ အခွင့်အရေး )၊
Understanding religious (ဘာသာရေးဆိုင်ရာလေးစားမှု)၊ Mental well Being (စိတ်ပိုင်းဆိုင်ရာ) ၊ Health (ကျန်းမာရေး) နဲ့ Social emotional learning (လူမှုရေး စိတ်ပိုင်းဆိုင်ရာသင်ယူမှု) တွေအပြင် Activities (လှုပ်ရှားမှု)တွေကို လည်း ထည့်သွင်းသင်ကြားသွားမှာဖြစ်ပါတယ်။ ကျောင်းသားဦးရေ ၁၀၀ ဝန်းကျင်ရှိပြီး ကျောင်းဆရာမ (၂၇)ဦး က သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စာသင်ကျောင်းတစ်ခု ကိုသာဖွင့်လှစ်သေးပေမယ့် နောက်ထပ် စစ်ရှောင်နေရာတွေမှာ ဆက်လက်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ဒီစာသင်ကျောင်းရဲ့ Resultကို ဒီတစ်လကနေ reviewပြန်လုပ်မယ်။ ကျနောတို့ course တွေရဲ့ အားနည်းချက် အားသာချက်ဘာရှိတုန်း။ အားနည်းချက်ကို ဘယ်လို ပြင်ဆင်မှာတုန်း။ ကျနောတို့ စဉ်းစားထားတယ်။ ပြင်ဆင်ပြီးတာနဲ့ ဒီ courseက ကလေးတွေအတွက် တကယ် effectဖြစ်ရဲ့လား။ တကယ်ကို လိုချင်တဲ့ levelတစ်ခုရောက်ရဲ့လား။ ကျနောတို့ စဉ်းစားဆုံးဖြတ်မယ်ပေါ့နော။ တကယ်လို့ ကျနောတို့ လိုချင်တဲ့ resultအတိုင်းေကာင်းကောင်းထွက်လာတယ်ဆိုရင် ကျနောတို့ က စစ်ဘေးရှောင် campတွေမှာရှိတဲ့ ကလေးတွေကို ပညာသင်ကြားဖို့ ကျနောတို့ ဆက်လက် လုပ်ဆောင်သွားပါမယ်။ ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျဆင်းနေတဲ့စိတ်ဓါတ်တွေ ကလေးတွေရဲ့ အနာဂတ်တွေ အိပ်မက်တွေကို ဆက်လက် ဖြည့်ဆည်းပေးဖို့အတွက် ကျနောတို့ FVMက ရှေ့ဆက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ “

စစ်ရှောင်ဒေသက ကလေးတွေဟာဆိုရင် လက်ရှိမှာ ပညာရေးထက် လုံခြုံရေးကိုသာ ဦးစားပေး ဆောင်ရွက်နေရတာ ဖြစ်ပြီး တန်းတူအခွင့်အရေးရဖို့အတွက်နဲ့ သူတို့ရဲ့ အနာဂတ်အတွက် ဖော်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

“ ဒီစစ်အာဏာသိမ်းတာ ပညာရေးကို တော်တော်ထိခိုက်လားဆိုတော့ တော်တော် ကြီးကို ထိခိုက်ပါတယ်။ တော်တော် လေးလည်း ထိခိုက်ပါတယ် ဗျ။ ဘာလို့လဲဆိုရင် ကျနောတို့ ဒီလူငယ်တွေနဲ့ ဒီကိုဗစ်ကာလမှာ ကျောင်းတွေလည်း ကျနောတို့ ရပ်နားလိုက်ရတယ်။ အာဏာရူးတဲ့လူတစ်စုကြောင့် ဒီကလေးတွေရဲ့ အနာဂတ်တွေ ပညာရေးတွေအပြင် ကျနောတို့လို လူငယ်တွေရဲ့ အနာဂတ်တွေပါ အားလုံး ထိခိုက်ပြီးတော့ ဆုံးရှုံးရပါတယ်။ ပြီးတော့ နောက်တစ်ချက်က ဒီစစ်ရှောင်ဒေသမှာ စစ်မြေပြင် ဒေသဖြစ်နေတဲ့ စစ်ဒဏ် စစ်ဘေးဒဏ် ခံစားနေရတဲ့ ပြည်သူတွေ၊ ကလေးတွေ ဘာဖြစ်လဲဆိုရင်တော့ ပညာရေးသင်ကြားဖို့ထက် ကိုယ့်အသက် အန္တာရယ်မရှိဖို့ အရေးကို ကြိုးစားဆောင်ရွက် နေရတာပေါ့နော။ မြို့ပြပေါ်မှာရှိတဲ့ ကလေးတွေက ကျောင်းမတက် ရရင်တောင် သူတို့ Online teaching တွေနဲ့ သူတို့သွားတယ်။ ကျနောတို့က လူတိုင်းတန်းတူ အခွင့်အရေးရအောင် ကျနောတို့ ဖော်ဆောင်ချင်တယ်။ အဲ့ကြောင့်မလို့ ဒီကျောင်းကို ကျနောတို့ရအောင် ထူထောင်တယ်။ ဒီကလေးတွေရဲ့ အနာဂတ်ကို ရအောင် ကျနောတို့ ဖော်ဆောင်မယ်။ ဒီတော်လှန်ရေး မပြီးမချင်း ကျနောတို့ ဒီကလေးတွေရဲ့ အနာဂတ်ကို ကျနောတို့ FVMက ဆက်လက် ဖော်ဆောင်သွားပေးပါမယ်။ “

FVMအဖွဲ့ ဟာဆိုရင် ရန်ကုန်က အင်ဂျင်နီယာ လူငယ် ငါးယောက်စုပြီး မေလ (၂၅)ရက်နေ့မှာ စတင်ဖွဲ့ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ CDMဆရာမ ပူးပေါင်းလာတာရှိပြီး အဖွဲ့ဝင် ဆယ်ယောက် ရှိတယ်လို့ သိရပါတယ်။ ကရင်နီပြည်နယ်တွင်းက စစ်ရှောင်ကူညီတဲ့အဖွဲ့ တချို့ နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အတူ မြေပြင်မှာ ကူညီလှုပ်ရှားပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ တော်လှန်ရေး အောင်မြင်ဖို့အတွက် အဆုံးထိတိုက်ပွဲဝင်သွားဖို့ FVM တာဝန်ရှိသူက အခုလို တိုက်တွန်းပြောဆို သွားပါတယ်။

“ ပြည်သူများအနေနဲ့ ဒီတော်လှန်ရေးဟာ ကိုယ်နဲ့ ဆိုင်သလို သတ်မှတ်ထားမှ အောင်မြင်မယ့် တော်လှန်ရေး ဖြစ်ပါတယ်။ ရေတို တော်လှန်ရေး မဟုတ်ပါဘူး။ ရေရှည်တော်လှန်ရေးပါ။ ကျနောတို့ ကျေးဇူးပြုပြီး ကောက်ရိုးမီးစိတ်ဖြစ်တဲ့ တော်လှန်ရေးစိတ်တွေကို ဖြေဖျောက်ပေးပါ။ အာသာဖြေ တော်လှန်ရေးကို ဖြေဖျောက်ပြီးတော့ ကျနောတို့ စစ်အာဏာရှင်စနစ် မကျမရှုံးမချင်း ကျနောတို့ တိုက်ပွဲဝင်သွားဖို့ မေတ္တာရပ်ခံပါတယ်။ အရေးတော်ပုံ အောင်ရမည်။ “

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ