spot_img
20.7 C
Loikaw
Saturday 8, November 2025
spot_img
Homeသတင်းလေကြောင်းတိုက်ခိုက်ခံရတဲ့ မိုးဗြဲမြို့ မှာ လေးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ

လေကြောင်းတိုက်ခိုက်ခံရတဲ့ မိုးဗြဲမြို့ မှာ လေးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမှာ ဒီကနေ့အထိ လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေလျက်ရှိနေပြီး လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေတယ်လို့ မိုးဗြဲPDFက နေ့ခင်းမှာ အတည်ပြုပြောပါတယ်။

“ ဒီမနက်မှာတော့လေ ကျနော်တို့ ဒီဖလိုင်ရွာအနီးမှာတော့ ဒီမနက်ထိတွေ့မှုတွေ ဖြစ်တယ်ခင်ဗျ။ စစ်ရေးကတော့ တော်တော်လေးတင်းမာနေတယ်လို့ပြောလို့ရတယ်။ “ လို့ မိုးဗြဲPDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့မှာ စစ်ကောင်စီကနေပြီး ပြည်သူနေအိမ်မီးရှို့ ဖျက်စီးတာတွေ၊ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လျက်ရှိနေပါတယ်။ ဖလိုင်ကျေးရွာမှာဆိုရင် တစ်ရွာလုံးနီးပါး မီးရှို့ခံရတယ်လို့ သူကဆက်ပြောပါတယ်။

“ လက်နက်ကြီးကြောင့် ပျက်စီးတာကော လက်နက်ကြီးကျတဲ့ နေရာတိုင်းရှိတယ်ခင်ဗျ။ အိမ်မီးရှို့တာတော့ ဖလိုင်ရွာဆို တစ်ရွာလုံးနီးပါးလို့ ပြောလို့ရတယ်။ မိုးဗြဲမြို့ပေါ်ဆိုရင်တော့ တိုက်ပွဲ့ မိုးဗြဲမြို့ပေါ်ကနေ ကူးစက်သွားတာဆိုတော့ မြို့ပေါ်ကတော့အများကြီး မရှို့ခံရဘူး။ မြို့ပေါ်ကတော့ ငါးလုံးထက်မနည်းရှိနိုင်တယ်။ “ လို့ မိုးဗြဲPDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဒီရက်ပိုင်းတွေမှာဆိုရင် စစ်ကောင်စီဖက်ကနေပြီး ဖလိုင်ရွာအနီးနဲ့ လွယ်စတုံးရွာတွေမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ၊ အင်အားဖြည့်တင်း နေတာတွေရှိသလို တိုက်ပွဲတွေမှာ လက်နက်ကြီးတွေ၊ တင့်ကားတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။

ယမန်နေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖက်က ၁၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF ကသတင်းထုတ်ပြန်ထားပါတယ်။ ကရင်နီပူးပေါင်းအဖွဲ့ကလည်း ထိခိုက်ဒဏ်ရာရသူရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း မိုးဗြဲPDFဖက်က ရဲဘော်(၇)ဦးအပါအဝင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဖက်က (၁၅)ယောက်ဝန်းကျင် ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မနေ့ကအထိ ဒေသခံတစ်ဦးသေဆုံးခဲ့ရသလို (၁၀)ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရတာရှိနေပါတယ်။ ပြီးခဲ့တဲ့ (၁၆)ရက်နေ့မှာဆိုရင်လည်း အရပ်သားပြည်သူ(၁၀)ဦးထက်မနည်း စစ်ကောင်စီကနေပြီး ဖမ်းဆီးသွားတာတွေလည်း ရှိခဲ့သလို မိုးဗြဲမြို့နဲ့ အနီးအနားကျေးရွာက ဒေသခံပြည်သူတွေ ထောင်နဲ့ချီ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ