spot_img
15 C
Loikaw
Sunday 8, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကောင်စီရဲ့ ဗျူဟာမြောက် စိုးမိုးကုန်းတစ်ခုဖြစ်တဲ့ ကျားပါးစပ်ကြီး တပ်စခန်းကို KAမှ ဗုံးသီးတပ်ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်

စစ်ကောင်စီရဲ့ ဗျူဟာမြောက် စိုးမိုးကုန်းတစ်ခုဖြစ်တဲ့ ကျားပါးစပ်ကြီး တပ်စခန်းကို KAမှ ဗုံးသီးတပ်ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကျားပါးစပ်ကြီး တပ်စခန်းတစ်ခုကို ကရင်နီတပ်မတော် (KA) အမှတ်(၂)တပ်ရင်း ကွန်မန်ဒိုတပ်ဖွဲ့နဲ့ ဒရုန်း တပ်ဖွဲ့တို့ကနေ ဗုံးသီးတပ်ဒရုန်းတွေနဲ့ သွားရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ( KMIC ) က သတင်း ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ (၂၄)ရက်နေ့ မွန်းလွဲ(၂)နာရီ က ဗုံးသီး (၈)လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးဘူးလို့ သိရပါတယ်။ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှု လုပ်ဆောင်ခဲ့ပြီး KAဖက်မှာ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ကျားပါးစပ်ကြီးစခန်းဟာ စစ်ကောင်စီရဲ့ ဗျူဟာမြောက် စိုးမိုးကုန်းတစ်ခုဖြစ်ပါတယ်။ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၇)ရက် နေ့ကလည်း KA အမှတ်(၂)တပ်ရင်းကနေပြီး အဲဒီစခန်းကို တစ်ကြိမ်ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်မှ လေကြောင်း စစ်ကူတိုက်ခိုက်ခဲ့တဲ့နေရာဖြစ်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၄ရက် တစ်ရက်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ် Bp-12 အနီးက စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ဟွေခမောက်စခန်း ကို လေကြောင်းနဲ့ ရိက္ခာပို့ဖို့ ပျံသန်းလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော် (KA)အမှတ်(၁)တပ်ရင်းက မြေပြင်မှ ပစ်ခတ်ခဲ့ပါတယ်။

ရဟတ်ယာဉ်မဆင်းသက်ခဲ့ပဲ ပြန်လှည့်သွားခဲ့ပေမယ့် နောက်တစ်နာရီအကြာမှာ စစ်ဂျက်လေယာဉ် ၂စီးနဲ့ ဟွေခမောက်စခန်း ဝန်းကျင်တစ်ဝိုက်ကို စုစုပေါင်းလေးကြိမ် ပြန်လည် လာရောက်ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ