spot_img
15.4 C
Loikaw
Tuesday 10, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်မြို့ ဘီလူးချောင်းမှာ ရေကူးကစားနေတဲ့ ၁၅နှစ်အရွယ် ယောကျ်ားလေးတစ်ဦးရေနစ်သွား

လွိုင်ကော်မြို့ ဘီလူးချောင်းမှာ ရေကူးကစားနေတဲ့ ၁၅နှစ်အရွယ် ယောကျ်ားလေးတစ်ဦးရေနစ်သွား

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့က ဘီလူးချောင်း( ဒေါနိုးကူးတံတား ) မှာ ယမန်နေ့ မတ်လ ၂၉ ရက်နေ့ ညနေ ၄နာရီခွဲအချိန်က သူငယ်ချင်းတွေနဲ့ ရေကူးကစားနေတဲ့ အသက် ၁၅နှစ်အရွယ် ယောကျ်ားလေးတစ်ဦးရေနစ်သွားခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“မနေ့က ညနေ ၄ နာရီခွဲလောက်က ကောင်လေးက တံတားပေါ်ကနေ ခုန်ချလိုက်တာဗျ။ ခုန်ချတယ်ဆိုတာက ကိုယ်ကို သတ်သေတာမျိုးမဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ စရင်း နောက်ရင်း ရေဆင်းကူးတဲ့ ပုံစံပေါ့။ တံတားပေါ်ကနေ ခုန်ချလိုက်တာ အခုချိန်အထိ ပြန်မပေါ်လာတော့ဘူးဗျ။ ရှာလည်းမတွေ့သေးဘူးဗျ။” လို့ ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၅၀ မိနစ်အချိန်မှာ သူက ပြောပါတယ်။

ရေနစ်ရင်းပျောက်ဆုံးသွားသူကို လွိုင်ကော်မှာရှိတဲ့ မီးသတ်ဖွဲ့တွေ၊ ရပ်ကွက်ထဲကလူတွေ ရှာဖွေနေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ရေနစ်သွားသူဟာ လွိုင်ကော်မြို့ပေါ်ရပ်ကွက်မှာ နေထိုင်တဲ့ မောင်အောင်ဘုန်းမြင့်ဖြစ်ပြီး အဲဒီမှာ ရေလာကူးကစားလေ့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဘီလူးချောင်းမှာ ရေနက်သလို ဒီ၂၀၂၃ခုနှစ်အတွင်းမှာ ရေနစ်သူ ၃ ဦးအထိရှိသွားပြီလို့ ရွှေလွိုင်ကော်ပရဟိတအသင်းက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ