spot_img
26.7 C
Loikaw
Friday 5, December 2025
spot_img
Homeသတင်းဒီးမော့ဆိုအရှေ့ခြမ်း (၁၀)ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဖက် ဗိုလ်ကြီးအဆင့်အပါအဝင် (၄၀)ဦးနီးပါး သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖက် (၈)ဦး ကျဆုံးခဲ့

ဒီးမော့ဆိုအရှေ့ခြမ်း (၁၀)ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဖက် ဗိုလ်ကြီးအဆင့်အပါအဝင် (၄၀)ဦးနီးပါး သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖက် (၈)ဦး ကျဆုံးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

မေလ (၁၄)ရက်ကနေ (၂၃)ရက်အထိ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် တနီးလားလဲကျေးရွာ၊ ဒေါလျားခူကျေးရွာ တောင်ပေါ်တကြောမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

(၁၀)ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက် ဗိုလ်ကြီးအဆင့် (၁)ဦး၊ ဗိုလ်အဆင့်(၂)ဦး အပါအဝင် တပ်သား(၄၀)နီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ ရဲဘော် (၇)ဦးနဲ့ ကရင်နီတပ်မတော်မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ရပါတယ်။

စစ်ကောင်စီဖက်က ထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ပြီး တပ်ရင်းမှူး၊ ယာယီတပ်ရင်းမှူး ၊ ဗိုလ်အဆင့်ရှိသူ ပါဝင်တယ်လို့ ဆိုပါတယ်။

ပူးပေါင်းတပ်က စစ်ကောင်စီတပ်သား သုံ့ပန်း (၂)ဦးကို ဖမ်းမိခဲ့သလို MA-1,2,3,4 ၊ 9mm Pistol၊ RPG နဲ့ ဆက်စပ်လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း ဖရူဆို၊ ဒီးမော့ဆို ငွေတောင်၊ လွိုင်ကော် အခြေစိုက်တပ်တွေကနေ လက်နက်ကြီး ပစ်ကူရှိသလို ဂျက်တိုက်လေယာဉ်နဲ့ အကြိမ် (၆၀)ထက်မနည်း ဗုံးကြဲတာတွေ ၊ လေယာဉ်ပေါ်ကနေ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇)တပ်ရင်းတွေနဲ့ KNDF၊ KA၊ Loikaw PDF တို့ လက်ရှိအချိန်ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ