spot_img
23.9 C
Loikaw
Saturday 6, December 2025
spot_img
Homeသတင်းစက်တင်ဘာလအတွင်း စစ်ကောင်စီ ၅၁ ဦးသေဆုံးကြောင်း PKPF ဆို

စက်တင်ဘာလအတွင်း စစ်ကောင်စီ ၅၁ ဦးသေဆုံးကြောင်း PKPF ဆို

-

ကန္တာရ၀တီတိုင်း(မ်)

စက်တင်ဘာလတစ်လအတွင်း ထိတွေ့တိုက်ပွဲတွေကြောင့် ကရင်နီပြည်မှာ စစ်ကောင်စီ တပ်ဖွဲ့၀င် ၅၁ ဦးသေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF )တာ၀န်ရှိသူတစ်ဦးက ကန္တာရ၀တီတိုင်းမ် ကိုပြောပါတယ်။

” ကျနော်တို့စာရင်းထဲမှာတော့ လောလောဆယ် ၅၁ဦး ထက်မနည်းပေါ့။ အနည်းဆုံး အဲ့လောက်သေတယ်လို့ ကျနော်တို့ စာရင်းထဲမှာတော့ကျနော်တို့ ပြုစုထားတာတော့ အဲ့လောက်ရှိတယ်ပေါ့နော” လို့ PKPF ရဲ့ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

ဒီအချက်အလက်တွေကို မြေပြင်မှာရှိတဲ့ PKPF အဖွဲ့သားတွေဆီက တချို့ရထားပြီး သက်ဆိုင်ရာအစုအဖွဲ့ဆီကလည်း ရထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ လက်လှမ်းမီသလောက် ရထားတဲ့အချက်အလက်သာဖြစ်ပြီး မြေပြင်မှာ စစ်ကောင်စီ တပ်ဖွဲ့၀င် သေဆုံးမှု ပိုများနိုင်တယ်လို့ဆိုပါတယ်။

အချက်အလက်အရတော့ တိုက်ပွဲပြင်းထန်တဲ့ သေးဆူလဲ – ပူဖား တိုက်ပွဲ နဲ့ ဖရူဆို- ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတလျှောက်တိုက်ပွဲတွေမှာ အများဆုံး သေဆုံးတာဖြစ်တယ်လို့ PKPF တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။

“အဓိကက သေးဆူလဲ – ပူဖားတိုက်ပွဲ ၊ ဒီဖရူဆိုကနေ ဘောလခဲ စစ်ကြောင်းထိုးတဲ့အချိန်မှာ KNDF တို့ KA တို့ ကြားဖြတ်တိုက်လို့ ကျသွားတဲ့ဟာတွေပေါ့နော။ အဲ့နှစ်ခုက အများဆုံးကျတဲ့ ဟာလို့ ကျနော်တို့တွေ့ရတယ်ပေါ့။” လို့ PKPF တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်မှာ စက်တင်ဘာလတစ်လအတွင်း တိုက်ပွဲ ၂၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလအတွင်း ထိတွေ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဖက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ