spot_img
25 C
Loikaw
Friday 14, November 2025
spot_img
Homeသတင်းမြို့သိမ်းတိုက်ပွဲမှာ လူထုတွေ ဘေးကင်းရာကို ရွှေ့နေပေးကြဖို့ KNDF ဥက္ကဌ ခွန်းဘီထူး တိုက်တွန်း

မြို့သိမ်းတိုက်ပွဲမှာ လူထုတွေ ဘေးကင်းရာကို ရွှေ့နေပေးကြဖို့ KNDF ဥက္ကဌ ခွန်းဘီထူး တိုက်တွန်း

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဌ ခွန်းဘီထူးမှ လက်ရှိမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနေတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ဘေးကင်းရာကို ရွေ့နေပေးကြဖို့ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အသိပေး တိုက်တွန်းထားပါတယ်။

KNDF ဥက္ကဌ အသိပေးထားတဲ့စာကို KNDF လူမှုစာမျက်နှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေး နဲ့ ကိုယ်ပြဌာန်းခွင့် တည်ဆောက်ရေးဖော်ဆောင်နိုင်ဖို့အတွက် လွိုင်ကော်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရမှာဖြစ်တာကြောင့် မြို့သိမ်းတိုက်ပွဲတွေဟာ ပျက်စီးမှု များနိုင်တယ်လို့ ဥက္ကဌက ဆိုပါတယ်။

“လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးက ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲများဆင်နွှဲတိုက်ခိုက်နေကြပါတယ်။ ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက်ရေးဖော်ဆောင်နိုင်ဖို့ဆိုရင် လွိုင်ကော်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရပါမယ်။ အခုလိုမြို့သိမ်းတိုက်ပွဲတွေဟာ ပျက်ဆီးနစ်နာမှုများနိုင်တယ်ဆိုတာ သိထားပေမယ့် အာဏာရှင်စနစ်အမြစ်တွယ်မှာကို ပိုကြောက်မိတဲ့အတွက် အခုလိုစစ်ဆင်ရေးကို အားလုံးက ချမှတ်လိုက်တာဖြစ်တယ်။ ပြည်သူပြည်သားများအနေနဲ့ ဘေးကင်းလွတ်ရာတွေကို ယာယီရွှေ့နေပေးကြဖို့ကိုလည်း တောင်းဆိုပါတယ်။ ကျွန်တော်တို့ များမကြာမီမှာ လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတတ်သော လွိုင်ကော်မြို့အဖြစ် ပြန်လည်အသက်သွင်းကြရအောင်လို့ တိုက်တွန်းပြောကြားလိုပါတယ်။” လို့ ဆိုထားပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့အပြင် မိုးဗြဲ၊ ဒီးမော့ဆို မြို့နယ်တွေမှာလည်း 1111( တစ်လေးလုံး) စစ်ဆင်ရေးကို နို၀င်ဘာလ ၁၁ရက်နေ့မှာစတင်လိုက်ပြီး သုံးရက်မြောက်နေ့အထိ တိုက်ပွဲပြင်းထန်နေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ