spot_img
19.1 C
Loikaw
Wednesday 19, November 2025
spot_img
Homeသတင်းဖယ်ခုံ PDF ထံ စစ်ကောင်စီတပ်သား ၃ဦး လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာ

ဖယ်ခုံ PDF ထံ စစ်ကောင်စီတပ်သား ၃ဦး လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာ

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လည်အချိန်မှာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ တပ်သား အဆင့်ရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးဟာ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းထံ အလင်းဝင်လာခဲ့တယ်လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၆) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“သူတို့ဆက်သွယ်ပြီးမှ အလင်းဝင်လာတာပါ အပြင်မှာ မိတာမဟုတ်ဘူး။ သူတို့ကိုယ်တိုင်က အလင်းဝင်လာချင်လို့။ ထွက်ချင်တာကတော့ ကြာပြီပေါ့။ အခုမှ အချိတ်အဆက်မိလို့ ထွက်လာလို့ရတာ သူတို့နေချင်တာပေါ့နော်။ ဒီဖက်မှာ ရောက်ရင် လုံခြုံတဲ့နေရာမှာ နေရရင် ရပြီပေ့ါ။ အဲ့လိုမျိုးကြောင့်နဲ့ပြေးလာကြတာ”လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၆) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

အဆိုပါ အလင်းဝင်လာတဲ့ တပ်သား၃ဦးဟာ လွိုင်ကော်အခြေစိုက် ခမရ-၅၃၀ တပ်ကဖြစ်ပြီး ကရင်နီပြည် လွိုင်ကော်နဲ့ ရှမ်းနယ်စပ် ဖယ်ခုံ-မိုးဗြဲ တကြောမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ရာကနေ အသက်မသေလိုတဲ့ ရည်ရွယ်ချက်နဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လည်အချိန်မှာ အလင်း ဝင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ တပ်သားတွေကို အသက်အန္တရယ် မထိခိုက်စေပဲ ၊ လိုအပ်တဲ့ အခက်အခဲတွေကိုလည်း ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် မြို့နယ်တကြောမှာ စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူဘက်ကူးပြောင်းလိုတဲ့ စစ်ကောင်စီ တပ်သားတွေအနေနဲ့ 09692112747 ဆက်သွယ်နိုင်ကြောင်း ၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း ဖယ်ခုံ PDF တပ်ရင်းထံ စစ်ကောင်စီ တပ်သား ၃ ဦးနဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာလည်း ၁ ဦး အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ