spot_img
18.2 C
Loikaw
Tuesday 18, November 2025
spot_img
Homeသတင်းဖားဆောင်းစစ်ရှောင်စခန်းမှာ ကလေးအပါအ၀င် လူကြီး အရေပြားအနာဖြစ်ပွားနေ

ဖားဆောင်းစစ်ရှောင်စခန်းမှာ ကလေးအပါအ၀င် လူကြီး အရေပြားအနာဖြစ်ပွားနေ

-

ကန္တာရ၀တီတိုင်း(မ်)

ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ တောတောင်ထဲမှာ စစ်ရှောင်နေရပြီး ကလေးအပါအဝင် လူကြီးပါ အရေပြားအနာ ဖြစ်ပွားသူရှိနေတယ်လို့ သိရပါတယ်။

“လက္ခဏာက အဖုသေးသေးပဲဖြစ်တာ အဖုသေးသေးလေးကနေ ဒီလိုမျိုး မနီသေးဘူး။ နောက်တော့ ကုပ်ကုပ်တော့ နည်းနည်းကနေ တက်တက်လာတယ်။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

တောင်တောင်တွေမှာ တဲထိုးနေထိုင်ကြပြီး ပိုးမွှား၊ သစ်ရွက်ထိမိတဲ့အတွက် ယားယံနေကြသလို သုံးစွဲတဲ့ရေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အရေးပေါ် အတွက် ဆေးဝါးမရှိသလို လိမ်းဆေးလည်း မရှိတဲ့အတွက် ပျောက်ကင်းမှုမရှိဘဲ ပိုအဖြစ်များလာတယ်လို့ သိရပါတယ်။

အရေပြားအနာဖြစ်ပွားသူတွေဟာ လသားအရွယ်ကစပြီး သက်ကြီးရွယ်အိုအရွယ်အထိ ဖြစ်ပွားနေကြပြီး မျက်လုံးအနီးတစ်၀ိုက် ယားယံမှုတွေလည်း ဖြစ်နေကြတယ်လို့ သိရပါတယ်။

“အသက်အရွယ်မရွေးဘူး အကုန်ဖြစ်တာ။ မျက်လုံးတွေဆို ဖုရောင်ပြီး‌တော့မှ မျက်လုံးတောင်မဖွင့်နိုင်တဲ့သူတောင်ရှိ‌တယ် အခြေ‌နေက ဒီမနက်မှာတွေ့ တယ်။ ယားလို့ကုပ်ကုပ်ရင်းနဲ့မှ မျက်လုံးတွေကစ ရောင်လာတာ။ အဲ့ဒါမှ ဆေးခန်းလာပြတာ” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ဖားဆောင်းမြို့က ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ဦးရေ (၇၀၀)ကျော်ရှိပြီး အရေပြားအနာဖြစ်ပွားသူ ကလေး‌အပါအ၀င် လူကြီး စုစုပေါင်း(၃၀)ကျော် ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ရက်နေ့ကစတင်တဲ့ ဖားဆောင်းမြို့တွင်းတိုက်ပွဲဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ နေရပ်ကို ပြန်နေထိုင်လို့ မရသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ