spot_img
15.4 C
Loikaw
Tuesday 10, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမြန်မာနိုင်ငံတစ်ဝှမ်းမှာ တစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ထောင်ကျော် သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝှမ်းမှာ တစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ထောင်ကျော် သေဆုံးခဲ့

-

ကန္တာရဝတီတိုင်း ( မ် )

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကနေ ဒီဇင်ဘာလထိ ပြည်သူပေါင်း ၂ထောင်ကျော် သေဆုံးခဲ့တယ်လို့ ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ စုစုပေါင်း (၂,၃၂၆) ဦး သေဆုံးခဲ့ကာ အောက်တိုဘာလ မှာ ၂၈၁ ဦး၊ ဩဂုတ်လမှာ ၂၇၂ ဦး နဲ့ မေလမှာ ၂၅၀ ဦး ရှိပြီး အဲ့ဒီလတွေမှာ ပြည်သူ ထိခိုက်သေဆုံးမှု ပိုများခဲ့ပါတယ်။

ကရင်နီပြည်မှာလည်း ပြီးခဲ့တဲ့နှစ်က ဖားဆောင်းမြို့နယ် မော်ချီးဒေသအတွင်း စစ်ကော်မရှင် ရဲ့လေကြောင်း‌တိုက်ခိုက်မှုကြောင့် ကလေး၊ အမျိုးသမီးအပါအဝင် ပြည်သူ ၆၀ ကျော် ထိခိုက်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပါတယ်။

စစ်ပဋိပက္ခ ကာလအတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု များပြားနေဆဲဖြစ်ပြီး လုံခြုံတဲ့နေရာမရှိတော့ဘဲ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ကရင်နီ စစ်ရှောင်အမျိုးသမီးတဦးက အခုလို ပြောပါတယ်။

“တကယ်တော့ ပြည်သူဘဝက လေယာဥ်လာလာ၊ ဒရုန်းလာလာ၊ လက်နက်ကြီးလာလာ ဒီစစ်‌ရေးကာလကတော့ လုံခြုံတယ်ဆိုတဲ့ နေရာက မရှိတော့ပါဘူး။ ဒီစစ်ရေးကိုပဲ ပြီးစေချင်တာတစ်ခုပဲ ဖြစ်ချင်တယ်။”လို့ ကရင်နီ စစ်ရှောင်အမျိုးသမီးတဦးက ဆိုပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်စာရင်းအရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ထောင်ကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ