spot_img
Homeသတင်းကျန်းမာရေး ပြဿနာတွေကြောင့် စစ်ကော်မရှင်တပ် ထိန်းချုပ်နယ်မြေတွေဆီ ပြည်လည်ဝင်ရောက်သူတွေရှိနေ

ကျန်းမာရေး ပြဿနာတွေကြောင့် စစ်ကော်မရှင်တပ် ထိန်းချုပ်နယ်မြေတွေဆီ ပြည်လည်ဝင်ရောက်သူတွေရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေကြောင့် စစ်ကော်မရှင်ထိန်းချုပ်တဲ့ နေရာကို ပြည်လည်ဝင်ရောက်နေကြသူတွေရှိနေပါတယ်။ ပြန်လည်ဝင်ရောက်သူတွေဟာ နာတာရှည်ရောဂါလို ဆေးကုသမှု စဉ်ဆက်မပြတ်လိုအပ်နေသူတွေ ဖြစ်တယ်လို့လည်း စစ်ဘေးရှောင်တွေဆီကသိရပါတယ်။

စစ်ရှောင်စခန်းတစ်ခုမှာတော့ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ နေရာကို ကျန်းမာရေးအတွက် ပြန်လည်နေထိုင်သူ ၁၀ဦး ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အရင် တောင်ကြီး ၊ရန်ကုန် ၊ နေပြည်တော် တွေမှာ ခွဲစိတ်ထားတဲ့ သူတွေ ရှိတယ်။ ဒီမှာက သိပ်အဆင်မပြေဘူး။ သူတို့လည်းစိတ်မချတော့ ပြန်သွားကြတာတွေ ရှိတယ်။ ဒီရောဂါတွေနဲ့ ပက်သက်ပြီးတော့မှ ပြန်သွားတဲ့သူတွေ ကျနော် ကြားမိတာတော့ လေဖြတ်သွားတာတယောက် ၊ ကျောက်ကပ် ခွဲရတဲ့ သူတွေ ရှိတယ်။ ကျောညှပ်တဲ့သူတွေ ရှိတယ်။ အနည်းဆုံး ၁၀ ဦးလောက်ရှိတယ်။”လို့ စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ရှောင်တွေရဲ့ အဆိုအရ ကျန်းမာရေးဆိုင်ရာအခက်အခဲကြောာင့်အပြင် တခြားအခက်အခဲ၊ စိန်ခေါ်မှုတွေကြောင့် ပြန်လည် ဝင်ရောက်သူတွေလည်း ရှိနေပါတယ်။

“သွေးတိုး ၊ နှလုံး ၊ဆီးချို အဲ့ဒီ ၃ မျိုးထဲမှာ မရှိဘူး ဆိုရင် တောင်မှ အနည်းဆုံး ၂၀ ဝန်းကျင်လောက်တော့ ရှိတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့ ဒီစခန်းမှာတောင်မှ ဆီးချိုနဲ့ ပက်သက်ပြီးတော့ ၄ ယောက်တောင်မှ ရှိပြီ။ ဒါတောင်မှ ကျနော်တို့ စခန်းက သူများစခန်းလောက် မကြီးဘူး။ သက်ကြီးရွယ်အိုတွေလည်း အဲ့လောက်မပါဘူး။ ကျနော့် စခန်းထဲမှတောင် နှလုံးသမားမရှိဘူး။ တခြားစခန်းမှာတော့ နှလုံးရှိတဲ့သူတွေ ရှိတယ်။ အဲဒါကြောင့် အနည်းဆုံး စောနပြောတဲ့ ဆီးချို ၊ သွေးတိုး ၊ နှလုံး အနည်းဆုံး ၂၀ လောက်ရှိတယ်။”လို့ အဆိုပါ စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူတဦးက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းမှာနေထိုင်ကြတဲ့ နာတာရှည်ရောဂါသည်တွေ ၊ ခွဲစိတ်ထားတဲ့လူနာတွေဟာ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေကြောင့် လိုအပ်တဲ့ ဆေးဝါးတွေကို အလွယ်တကူ သယ်ယူလို့ မရဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ နာတာရှည် ရောဂါသည်တွေက ဆေးပြတ်လို့ မရတာကြောင့် နီးစပ်ရာတွေကနေတဆင့် ကိုယ့်နည်းကိုယ့်ဟန်တွေနဲ့ ဆေးဝါးတွေကို မှာယူရတယ်လို့ ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ