spot_img
Homeသတင်းဖရူဆိုမှာ တောင်ယာသွားတဲ့ အမျိုးသားတဦး စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် ၄ ရက်အကြာမှာ ထွက်ပြေးလွတ်မြောက်လာ

ဖရူဆိုမှာ တောင်ယာသွားတဲ့ အမျိုးသားတဦး စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် ၄ ရက်အကြာမှာ ထွက်ပြေးလွတ်မြောက်လာ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ တောင်ယာသွားတဲ့ အသက် (၄၀) ကျော် အမျိုးသားတဦး နေအိမ်ပြန်ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့တာဟာ စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ မေလ ၇ ရက်နေ့မှာ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးခြင်းခံရတာဖြစ်ပြီး မေလ ၁၁ ရက်နေ့မှာတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အချိန် လက်ပြန်ကြိုးတုတ် ၊ မျက်နှာပိတ်ပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး စစ်ဆေးမေးမြန်းတာ ၊ ရိုက်နှက်တာ ပြုလုပ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“စဖမ်းကတည်းက ရိုက်နှက်ခံရတယ်၊ ဖမ်းဆီးသွားရင်းနဲ့ အဝတ်လဲခိုင်းတယ်၊ ညရောက်တော့ လက်နောက်ပြန် ကြိုးတုပ်တယ်၊ မနက်ဆို အရှေ့ဘက် လက်ကြိုးတုပ်တယ်၊ နှစ်ရက် နှစ်ညလောက် မျက်စိကို စည်းပြီး ပိတ်ထားတယ်” လို့ သူက ပြောပါတယ်။

ဒေသအခြေအနေကို စစ်ဆေးမေးမြန်းတဲ့အချိန် ရိုက်နှက်တာ ၊ လက်သီးနဲ့ ထိုးကြိတ်တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ လွတ်မြောက်ဖို့ ထွက်ပြေးစဉ်အတွင်းလည်း စစ်ကော်မရှင်တပ်သားတွေက သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် ညာဖက်ပုခုံးမှာ ဒဏ်ရာရရှိခဲ့ပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ မေလအစောပိုင်းကစလို့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာဖြစ်ပြီး တောင်ယာသွားတဲ့ ဒေသခံကို ဖမ်းဆီးတာ ၊ စစ်ရှောင်စခန်းကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လတ်တလောမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အပါဝင် ဒေသခံ ၁၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ