spot_img
Homeသတင်းချောင်းရေမြင့်တက်လာတာကြောင့် ဟွေပူးကဲကျေးရွာခံတွေရဲ့ စိုက်ပျိုးခြံတွေ ရေလွှမ်းမှာ စိုးရိမ်

ချောင်းရေမြင့်တက်လာတာကြောင့် ဟွေပူးကဲကျေးရွာခံတွေရဲ့ စိုက်ပျိုးခြံတွေ ရေလွှမ်းမှာ စိုးရိမ်

-

ကန္တာရဝတီတိုင်း ( မ် )

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အတွင်းက ကယန်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ဟွေပူးကဲကျေးရွာမှာ မိုးဆက်တိုက်ရွာပြီး ချောင်းရေမြင့်တက်လာတာကြောင့် စိုက်ပျိုးခြံတွေ ရေလွှမ်းမှာကို စိုးရိမ်နေရတယ်လို့ ကျေးရွာခံအမျိုးသားတဦးက ပြောပါတယ်။

ဟွေပူးကဲကျေးရွာဟာ နန့်ပန်ချောင်းအနီးမှာ တည်ရှိပြီး ချောင်းဘေးတလျှောက်မှာ စိုက်ပျိုးရေးလုပ်ကိုင်ကြတာဖြစ်ပါတယ်။ ချောင်းရေ ဆက်လက်မြင့်တက်လာရင် စိုက်ပျိုးခြံတွေနဲ့ စာသင်ကျောင်းအတွင်း ရေဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

“မိုးက ဆက်ပြီး ဆက်တိုက်ရွာမယ်ဆိုရင် စိုက်ပျိုးထားတဲ့ခြံတွေ၊ ချောင်းဘေးကခြံတွေ ရေလွှမ်းမှာ စိုးရိမ်ရတယ်။ စာသင်ကျောင်းကလည်း ချောင်းဘေးမှာဆိုတော့ မိုးဆက်တိုက်ရွာပြီး ရေကြီးလာရင် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်” လို့ ကျေးရွာခံအမျိုးသားတဦးက ဆိုပါတယ်။

ဟွေပူးကဲကျေးရွာမှာ ဩဂုတ်လအတွင်း မိုးများပြီး ချောင်းရေမြင့်တက်လာတာ အခုဆို ၃ ကြိမ်မြောက်ရှိနေပြီလို့ ပြောပါတယ်။ ချောင်းဘေးက နှမ်းစိုက်ခင်းတွေမှာလည်း ရေတိုက်စားမှုတွေရှိနေတာကြောင့် နှမ်းပင်တချို့ ရေထဲမျှောပါ၊ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီပတ်အတွင်းမှာလည်း ချောင်းရေမြင့်တက်လာတာကြောင့် သွားလာရေးအဆင်မပြေဘဲ ကျောင်းတရက် ပိတ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။ ဟွေပူးကဲကျေးရွာမှာ နှစ်စဉ်မိုးရာသီရောက်တိုင်း ရေကြီးမှုတွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ ကျေးရွာခံတွေက ပြောပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ