spot_img
Homeသတင်းကရင်နီပြည်တပ်မ​တော်ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

ကရင်နီပြည်တပ်မ​တော်ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

-

ကန္တာရ၀တီတိုင်း (မ်)

ကရင်နီပြည်တပ်မ​တော် KA ရဲ့ ​ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ ဒီ​ကနေ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ​၉၆ ပါး အနာ​ရောဂါဖြင့် ​ကွယ်လွန်သွားခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီဗဟိုဌာနချုပ်က အသိပေးထုတ်ပြန်ပါတယ်။

ဗိုလ်မှူးကြီးဘုန်းနိုင်က ထိုင်းနိုင်ငံမှာ ​ဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး မြန်မာစံ​တော်ချိန် ည​နေ ၆ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ KA ရဲ့ ဒုတိယ စစ်ဦးစစ်ချုပ်တာ၀န်အပြင် ကရင်နီအမျိုးသားတိုးတက်​ရေးပါတီ KNPP ရဲ့ အမြဲတမ်းဗဟိုပါတီ​ကော်မတီ၀င် အ​နေနဲ့လည်း တာ၀န်ထမ်း​ဆောင်​နေသူ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးဘုန်းနိုင်ကျဆုံးချိန်မှာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပါတယ်။ ဗိုလ်မှူးကြီးဘုန်းနိုင်ရဲ့ ရုပ်ကလာပ်ကို စက်တင်ဘာ ၃၀ ရက်နေ့မှာ ထိုင်း-ကရင်နီ နယ်စပ်တနေရာမှာ ​မြေမြှုပ်သင်္ဂြိုလ်မှာ ဖြစ်တယ်လို့လည်း KNPP က အသိပေးထားပါတယ်။

ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ ကရင်နီတော်လှန်ရေး သမိုင်းတလျှောက် နှစ်ပေါင်းကြာရှည်စွာ ဦးဆောင်နေတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ