spot_img
16.7 C
Loikaw
Tuesday 9, December 2025
spot_img
Homeသတင်းနိုင်ငံရေးပုဒ်မ ၄၄ရ ဖြင့် တရားစွဲဆိုခံရသည့် ဒေါဆိုရှေးတောင်သူ ပုဒ်မ ၁ဝဖြင့် ထပ်မံတရားစွဲဆိုခံရ

ပုဒ်မ ၄၄ရ ဖြင့် တရားစွဲဆိုခံရသည့် ဒေါဆိုရှေးတောင်သူ ပုဒ်မ ၁ဝဖြင့် ထပ်မံတရားစွဲဆိုခံရ

-

လွိုင်ကော်အကျဉ်းထောင်ပုံ – KSFU

နော်ဒွေးအယ်ခူ

ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးကျေးရွာမှ တောင်သူ ၁၅ ဦးသည် ပုဒ်မ ၄၄ရ ဖြင့် တရားစွဲဆိုခံနေရပြီး ၁၅ဦးအနက် ၆ဦးမှာ နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့်ထပ်မံတရားစွဲဆိုခံရကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌခူးတူရယ်ထံမှ သိရသည်။

“ဒေါဆိုရှေးတောင်သူ ၁၅ ဦးကို တရားစွဲထားတဲ့ ဒီနေ့က တရားရုံးချိန်းဖြစ်တယ်ပေါ့။ နိုင်လွတ်လုံပုဒ်မ၁ဝနဲ့ နောက်ထပ် တောင်သူ၆ဦးကို ဖမ်းပြီး ထောင်ပို့ပြီး တရားထပ်စွဲတယ်။ ဆိုတော့ နိုင်လွတ်လုံပုဒ်မနဲ့ တောင်သူနဲ့ဘာဆိုင်လဲပေါ့ အဲဒါတွေက ဥပဒေနဲ့ညီရဲ့လားဆိုတာ အဖြေပြန်ရှာရလိမ့်မယ်” ဟု ခူးတူရယ်က ပြောသည်။

ပုဒ်မ ၄၄ရဖြင့် တရားစွဲဆိုခံရသည့်၁၅ ဦးအနက် အမျိုးသမီး ၅ ဦး နှင့် အမျိုးသား၁ဝဦး ပါဝင်ပြီး ဒီးမော့ဆိုမြို့နယ် တရားရုံးတွင် ၆ကြိမ်မြောက် တရားရင်ဆိုင်ရာမှ တောင်သူ၆ဦးကို နိုင်လွတ်လုံ ပုဒ်မ ၁ဝဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ နိုင်လွတ်လုံပုဒ်မ ၁ဝသည် အာမခံမရသည့်ပုဒ်မဖြစ်သောကြောင့် လွိုင်ကော်အကျဉ်းထောင်သို့ ယနေ့ပို့ဆောင်ခဲ့ပြီး တရားလိုပြုလုပ်သူမှာ မည်သူမည်ဝါ မသိရသေးကြောင်း ခူးတူရယ်က ဆက်ပြောသည်။

၂၀၀၂-၂၀၀၃ ခုနှစ်တွင် အမတ ၃၆ဝတပ် တည်ထောင်သည့် အချိန်မှစပြီး ဒေါဆိုရှေးတောင်သူတွေ လုပ်ကိုင်စားသောက်သည့်မြေတွေကို တပ်ပိုင်မြေအဖြစ် သတ်မှတ်ခဲ့ကြပြီး ဧက ၂၀၀ဝန်းကျင်ရှိကြောင်း တောင်သူထံမှ သိရသည်။ ၎င်းမြေအပေါ် တောင်သူတွေကို လုပ်ကိုင်စားသောက်ခွင့် ပေးထားသော်လည်း တပ်ရင်းမှူး အပြောင်းအလဲကြောင့် တောင်သူတွေအနေဖြင့် ထွန်ယက်စိုက်ပျိုးလိုပါက သက်ဆိုင်ရာကို တင်ပြပြီး ခွင့်ပြုချက်ရမှသာ စိုက်ပျိုးခွင့်ပေးကြောင်း ဒေါဆိုရှေးတောင်သူထံမှ သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ