spot_img
20.6 C
Loikaw
Tuesday 9, December 2025
spot_img
Homeသတင်းအာစရိယပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲ လုပ်မည်

အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲ လုပ်မည်

-

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ဒီမောဆို အ.ထ.က ကျောင်းတွင် ၁၉၇၄ မှ ၁၉၈၄ ခုနှစ်အတွင်း သင်ကြားပေးခဲ့သော ဆရာ၊ဆရာမများအား ပထမအကြိမ် အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲ ပြုလုပ်ရန်ရှိကြောင်း အာစရိပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီမှ ဆရာမဒေါ်ခင်သူဇာက ပြောသည်။

“ဒီမော့ဆို အ.ထ.က က နှစ်ပေါင်း ၄၀ ရှိပြီပေါ့နော တစ်ခါမှ အာစရိယပူဇော်ပွဲမလုပ်သေးတဲ့အတွက် ၁၉၇၄ကနေ ၁၉၈၄ အတွင်းမှ ပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကို ပြန်ပြီး ပူဇော်ကန်တော့ဖို့ဖြစ်တယ်။ နောက်တစ်ခုက သူငယ်ချင်းဟောင်းတွေနဲ့ ဆရာ၊ဆရာမတွေကို ပြန်လည်ဆုံတွေ့ဖို့၊ မျိူးဆက်သစ်တွေကို ဒီလို အာစရိယပူဇော်ပွဲတွေကို ဆရာ၊ဆရာမတွေ လုပ်တယ်ဆိုတာ သိစေချင်တယ် ဆက်ပြီး လက်ဆင့်ကမ်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တယ်ပေါ့” ဟု ဆရာမက ပြောသည်။

ဒီမော့ဆိုမြို့၊ အ.ထ.က ၏ ၁၉၇၄-၁၉၈၄ “ပထမအကြိမ် အာစရိယပူဇော်ပွဲနှင့်မိတ်ဆုံစားပွဲ” ကို နိုဝင်ဘာလအတွင်းပြုလုပ်သွားရန်စီစဉ်ထားပြီး နိုဝင်ဘာလ ၈ ရက်နေ့၊ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် ဖွင့်ပွဲနှင့်မိတ်ဆုံစားပွဲကို ပြုလုပ်ခြင်းနှင့် နိုဝင်ဘာလ ၉ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် အာစရိယပူဇော်ပွဲကို ပြုလုပ်သွားမည်ဖြစ်သည်။

၁၉၇၄-၈၄ ခုနှစ်မှ ကန်တော့ခံဆရာ၊ဆရာမများ၊ ရပ်နီးရပ်ဝေးမှ ကျောင်းသားကျောင်းသူဟောင်းများ မည်သူမဆိုတက်ရောက်နိုင်ပြီး လူဦးရေ ၃၀၀ ဝန်းကျင်ခန့် တက်ရောက်ရန် ခန့်မှန်းထားကြောင်း ဆရာမဒေါ်ခင်သူဇာက ဆိုသည်။

အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ အပါအဝင် ဖျော်ဖြေရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ နေရာကြိုဆိုချထားရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ စသည့် ကော်မတီများ ဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါ အာစရိပူဇော်ပွဲနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ထံသို့ မေးမြန်းစုံစမ်းနိုင်သည်။

ဦးလားရီယို – ၀၉၇၈၉၇၇၁၆၇၅

ဦးခူးရီ – ၀၉၂၅၄၂၄၈၂၈၁

ဦးညီညီကျော်စွာ – ၀၉၇၈၉၇၆၆၄၇၃

ဦးသန်းနိုင် – ၀၉၄၂၈၀၃၂၉၁၉

ဒေါ်ခင်သူဇာ – ၀၉၂၅၄၃၇၂၇၁၂

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ