spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

NLD အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အပေါ် ကရင်နီလူမျိုးစု လူငယ်ထုများရဲ့ အမြင်

Author

Date

Category

လက်ရှိမှာ မြန်မာ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ NLD အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အပေါ် ကရင်နီလူမျိုးစု လူငယ်ထုများရဲ့ အမြင်သဘောထားကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ခူးရီးရယ် – ကယားလီဖုလူငယ်

ငြိမ်းချမ်းရေးက ဒီထက် တိုးတက်ကောင်းမွန်လာတဲ့ အနေအထားမရှိဘူးလို့ ကျတော့်အနေနဲ့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ကယားပြည်နယ်အစိုးရနဲ့ KNPP ပြည်ထောင်စုအဆင့်ရော ပြည်နယ်အဆင့်ရော လက်မှတ်ရေးထိုးထားပြီးသော်ငြားလည်း ဒီလက်မှတ်ထိုးထားတာ ပါဝင်ထားတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်မှုအားက တအားနဲ့ အားနည်းနေတာပေါ့နော။ အဲ့ဒါကြောင့်မို့လို့ ကျတော်တို့ရဲ့ ပြည်နယ်အနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ဒီထက်ပိုပြီးတော့မှ တိုးတက်လာဖို့ ရှိလိမ့်မှာ မဟုတ်ဘူးလို့ မြင်တယ်။ နှစ်ဦးနှစ်ဖက်လုံးကတော့ အလျော့အတင်းလေးတွေ လုပ်ဖို့လိုတယ်။ KNPP လည်း တင်းနေမယ် ပြည်နယ်အစိုးရကလည်း တင်းနေမယ်ဆိုရင် လုပ်ငန်းတွေကတော့ ဖြစ်လာလိမ့်မှာ မဟုတ်ဘူး။ နှစ်ဦးနှစ်ဖက်က အလျော့အတင်းလုပ်ပြီးတော့မှ သဘောထားကြီးကြီး ပြည်နယ်အရေး၊ ပြည်သူလူထုအရေးကို ကြည့်ရှူပြီးတော့မှ လုပ်ဆောင်ဖို့လိုတယ်။ သဘောထားကြီးကြမှပဲ အလုပ်တွေက ဖြစ်လာလိမ့်မယ်။ ပြီးတော့ ခုနက ပြောတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ပိုပြီးတော့ ခရီးရောက်လိမ့်မယ်။

ကိုရွှေမိုး – ယင်းတလဲလူငယ်

ကျတော်ကတော့ ငြိမ်းချမ်းရေးကို မရသေးဘူးလို့ပဲ မြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အခုက ငြိမ်းချမ်းရေးဆိုတဲ့ အသွင်သဏ္ဍန်တစ်ခုကို ဖော်ဆောင်သွားနေတဲ့အခါမှာ လူနည်းစု အခွင့်အရေးကို ထိန်ချန်ထားတာတွေက တော်တော်များများ နေရာနဲ့အဝန်းမှာ ရှိတယ်။ ပြီးရင် ကျတော်တို့ လူငယ်တွေရဲ့ အသံကို နားမထောင်တာ တော်တော်များများ ရှိတယ်ပေါ့နော။ ဘာကြောင့်လဲဆိုတော့ ကျတော်တို့ လူငယ်က နိုင်ငံရေးကို လွတ်လွတ်လပ်လပ် လုပ်ချင်ကြတယ်။ အနှောင်အဖွဲ့ကင်းတဲ့ ပုံစံမျိုးနဲ့ လုပ်ချင်ကြတယ်။ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုတာ လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်ဖို့က တော်တော်များများ အရေးကြီးတဲ့ Top အချက်တွေ ဖြစ်တယ်။ ငြိမ်းချမ်းရေးဖို့ဆိုရင် ကျတော်တို့တွေရဲ့ မှန်ကန်တဲ့ လုပ်ရပ်တွေကို အစိုးရက အသိအမှတ်ပြုဖို့ လိုပါလိမ့်မယ်။ အကယ်၍သာ ကျတော်တို့တွေ ဆောင်ရွက်နေတဲ့ဟာက အစိုးရဖက်က အသိအမှတ်ပြုပေးမယ်ဆိုရင် ငြိမ်းချမ်းရေးက အလျင်အမြန်ရမယ်ပေါ့နော။ ကျတော်တို့တွေ လုပ်နေတာက ဖြစ်စေချင်တာတွေပါ မမှန်မကန် မလုပ်ပါဘူး။ အစိုးရတွေရဲ့ ကန့်သတ်ချက်တွေကြောင့် ကျတော်တို့က ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေတုန်းပါ။

စောလေးဘယ်ထူး – ကရင်လူငယ်

လက်ရှိပကတိအနေအထား သဘောတူစာချုပ်ကို နှစ်ဖက်နှစ်ဦးမှ အပြန်အလှန်လေးစားလိုက်နာဖို့ပေါ့နော။ နောက်ပြီး ကျတော်တို့ ကရင်နီပြည်မှာက Bilateral agreement သဘောတူစာချုပ် ချုပ်ဆိုထားတယ်ပေါ့နော။ နှစ်ဖက်လက်မှတ်ထိုးထားတာ ရှိတယ်။ အကောင်အထည်ဖော်မှုတွေ အားနည်းနေတယ်ပေါ့နော။ ဥပမာ သူတို့ Bilateral agreement လို့ ပြောတဲ့နေရာမှာက ကျတော်တို့ ပြည်နယ်အတွက် လူထုကို ကိုယ်စားပြုမဲ့ ဥပမာ IDPs ပြန်လည်နေရာချထားရေး ကိစ္စ၊ အကြီးစား စီမံကိန်းကိစ္စ၊ ဆိုတော့ ကျတော်တို့ ပြည်နယ်အတွက် အစိုးရလည်း ပွင့်လင်းမြင်သာမှု ချပြမှု မရှိဘူးပေါ့နော။ EAOs နဲ့ တိုင်းရင်းသားလို့ပြောတဲ့နေရာမှာ အများကြီး ကိုယ်ထိုးထားတဲ့လက်မှတ်ကိုတော့ လိုက်နာဖို့ လိုတယ်ပေါ့နော။

ခွန်းသောမတ်စ် – ကယန်းလူငယ်

ကျတော်တို့ ဖြစ်စေချင်တာကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ တကယ်ကျတော်တို့ရဲ့ မြေပြင်အတိတ်ကာလတွေ ကုစားမှုတွေ တချို့ ပါတယ် နောက်ပြီး လက်ရှိ လိုနေတဲ့ဟာတွေ တချို့ ပါတယ်ပေါ့နော။ အာမခံချက်ရှိရှိ သွားနိုင်ဖို့အတွက် အဆိုပြုထားတယ်။ ဆိုတော့ ကျတော်တို့အနေနဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ကြားမှာ ငြိမ်းချမ်းရေး လုပ်ကြတယ်ဆိုတဲ့နေရာမှာ တစ်ခုခုကို အကြေအလည် ဖြစ်ခိုင်းစေချင်တယ်ပေါ့နော။ နံပါတ်တစ်အချက်ကတော့ အကြေအလည်ဖြစ်စေမဲ့ နည်းလမ်းတွေ အစိုးရဖက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်ဖက်ကရော အပြန်အလှန်ယုံကြည်မှု ဘယ်လောက်ထိ ဖြစ်စေလဲဆိုတဲ့ဟာက အရေးကြီးတယ်ပေါ့နော။ သေချာတာတစ်ခုကတော့ ပြသနာတစ်ခုကို ပြေပြေလည်လည် ညှိနှိုင်းနိုင်မှသာလျှင် ကျတော်တို့ ရှေ့ဆက်သွားမဲ့ လုပ်ငန်းစဉ် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ချောချောချုချုနဲ့ ကျော်လွှားသွားနိုင်မှာ ဖြစ်တယ်။

ခွံနန်းရီ – ကော်ယော်(မိုနူမိုနော)လူငယ်

အားရမှုတော့ သိပ်မရှိဘူးပေါ့နော။ ဘာလို့လဲဆိုတော့ သူတို့ လက်ရှိ ပြောနေတဲ့ ၂၁ ပင်လုံကလည်း အမျိုးမျိုး ပြောင်းရွေ့တယ်။ သူတို့ချထားတဲ့ မူအတိုင်းကလည်း မသွား။ ငြိမ်းချမ်းရေး၊ အပစ်ခတ်ရပ်စဲရေး NCA ထိုးထားပေမဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း ပြန်ပြီး ပစ်ခတ်ထားတယ်။ အနီးစပ်ဆုံး ပြောရရင် ကျတော်တို့ ပြည်နယ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်တစ်ဖွဲ့ဖြစ်တဲ့ KNPP ပေါ့နော။ KNPP အနေနဲ့ကလည်း ခုနကပြောတဲ့ ငြိမ်းချမ်းရေးမှာ သူတို့က အမြဲတမ်းအစိုးရနဲ့လည်း ချိတ်ဆက်လုပ်ဆောင်နေတာတော့ ကြားတာပေါ့။ ဒါပေမဲ့ ကျတော်တို့ လူငယ်အနေနဲ့ကတော့ သိပ်ပြီးတော့ အားရမှု မရှိသေးဘူးဆိုတဲ့အပိုင်းမှာ ကျတော်မြင်တယ်။

ဒေါမိနစ် – ကယောလူငယ်

မြန်မာအစိုးရနဲ့ တိုင်းရင်းသားတွေ သွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကတော့ နှစ်ခုပေါ့နော။ ငြိမ်းချမ်းရေးလည်း သွားတယ်။ ဖက်ဒရယ်လည်းသွားတယ်ပေါ့နောပေါ့။ ဖက်ဒရယ်ဒီမိုကရေစီပုံစံမျိုးပေါ့။ သွားတဲ့ နည်းလမ်းတွေတော့ ကောင်းတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့လုပ်ဆောင်တဲ့အပိုင်းမှာက တစ်ဖက်မှ အားမရဘူးပေါ့နော။ အစိုးရဖက်ကိုလည်း အားမရဘူး။ တိုင်းရင်းသားလက်နက်ကိုင်ဖက်ကိုလည်း အားမရတာ အများကြီး ရှိတယ်ပေါ့နော။ အစိုးရဖက်ဆိုရင် စစ်တပ်ရဲ့ အခန်းကဏ္ဍကလည်း တအားများတဲ့အခါမှာ အဆင်မပြေဘူး။ သူတို့ကိုယ်တိုင်ကလည်း ဒီဟာကို ထဲထဲဝင်ဝင် နည်းစနစ်ကျကျနဲ့ အကောင်အထည်ဖော်တာလည်း မရှိဘူးပေါ့နော။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် ထိုနည်းလည်းကောင်းပါပဲ။ ဆိုတော့ အဖွဲ့တွေ အများကြီး ရှိတယ်။ တချို့ က လက်မှတ်ထိုးတယ်။ တချို့က လက်မှတ်မထိုးဘူးပေါ့နော။ ဆိုတော့ အဲ့ဒီအပေါ်မှာ စုစုစည်းစည်းနဲ့ ဘယ်လိုအရွေ့တစ်ခု တိုးမလဲဆိုတဲ့ဟာမျိုး သိပ်ပြီးတော့မှ ရေရေရာရာ အကောင်အထည်ဖော်တာမျိုးလည်း မရှိဘူး။

spot_img
spot_img

Recent posts