spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

NUGက အရေးပေါ် အခြေအနေ သတ်မှတ်တဲ့အပေါ် ကယား(ကရင်နီ) ပြည်နယ်တွင်းက လက်နက်ကိုင်နှစ်ဖွဲ့ ရဲ့ သုံးသပ်ချက်

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလ (၇)ရက်နေ့ကို အမျိုးသားညီညွှတ်ရေး အစိုးရ NUGက နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီအပေါ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး(၁) ခူးဒယ်နီယာယ်က အခုလိုပြောပါတယ်။

” ဒါကတော့ NUGလုပ်ရမယ့် အလုပ်ပဲပေါ့။ သူတို့ကတော့ D-Dayသတ်မှတ်မယ် ဆိုတာကို သူတို့ နကိုယ်ကတည်းက ကြေညာထားပြီးသား။ ဆိုတော့ အခုက သူတို့ထုတ်ပြန်ပြီပေါ့နော။ ဒါအားလုံး တစ်နိုင်လုံးအတွက်တော့ အကျုံးဝင်ပါတယ်။ “

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကတော့ အခုလို့ သုံးသပ်ပါတယ်။

” အဓိကကတော့ အရေးပေါ်အခြေအနေထက် D-Dayကြေညာလိုက်တဲ့အပေါ်မှာကတော့ လူထုတွေ ပိုပြီးတော့ စိုးရိမ်သွားတာရှိတယ်။ ပိုပြီးတော့ ကြောက်သွားတာ ရှိတာပေါ့။ ကျနောတို့ကတော့ ဒီ D-Dayအနေနဲ့ အဲ့လို ကြေညာတာကတော့ ကျနောတို့အတွက် အထူးအဆန်းတွေ မရှိပါဘူး။ ကျနောတို့ကတော့ ကောင်းတယ်။ ကြေညာတာလည်းကောင်းတယ် မကြေညာတာလည်းကောင်းတယ်။ ဒါပေမယ့် တိုက်စရာရှိတဲ့ဟာတွေကိုတော့ ကျနောတို့ တိုက်ရမှာပဲလေ။ “

ထုတ်ပြန်ချက်မှာ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံး အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်တဲ့အတွက် ကြေညာတာဖြစ်ပြီး ပြည်သူ့ အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်တဲ့အချိန်ထိ သတ်မှတ်ကြောင်းပါရှိပါတယ်။

spot_img
spot_img