spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

Omicron ပိုးသစ် အကြောင်းတစ်စိတ်တစ်ပိုင်း

Omicron ဆိုတာဘာလဲ။

ကိုဗစ်မျိုးစိတ်တွေဖြစ်တဲ့ Alpha ၊ Delta ၊ Gamma မျိုးစိတ်တွေနောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ခုပါ။ တောင်အာဖရိက ဒေသတွေမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုထိ တွေ့ရှိခဲ့သမျှ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ်တွေထဲမှာ မျိုးဗီဇ အများဆုံး ပြောင်းလဲထားတဲ့ မျိုးစိတ် တစ်ရပ်ပါ။

WHO က နိုဝင်ဘာလ ၂၆ရက်နေ့မှာ Omicron လို့ နာမည်ပေးထားတာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၆၀ကျော်မှာ Omicron ပိုးသစ်တွေ့ရှိနေပြီလို့ WHO က ဒီဇင်ဘာလ ၉ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဘယ်လိုကူးစက်တာလဲ။

ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ တံထွေး အစအနတွေကနေ ကူးစက်နိုင်သလို ရောဂါပိုးရှိသူ ကိုင်တွယ်ထိတွေ့ထားတဲ့ ပစ္စည်းတွေကနေလည်း ကူးစက်နိုင်ပါတယ်။

အများသုံး ဘတ်စ်ကား၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေ အများသုံး အသုံးအဆောင်တွေ ရောဂါပိုးရှိသူနဲ့ အနီးကပ် ထိတွေ့မိတာတွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

အခုတွေ့ရှိတဲ့Omicron မျိုးစိတ်က အကြိမ် ၅၀ ကျော် မျီုးဗီ ဆင့်ကဲ ပြောင်းလဲထားတာ ဖြစ်ပြီး ဗိုင်းရပ်စ်ထဲမှာတင် spike protein အမျိုး ၃၀ ကျော် ပါဝင်နေပါတယ်။ သဘောကတော့ ဗီဇပြောင်းလဲမှု များစွာ လုပ်ဆောင် ထားနိုင်တာကြောင့် ကိုယ်ခံအားဆဲလ်တွေကို ကောင်းကောင်းရှောင်တိမ်းပြီး ဆဲလ်တွေထဲကို အလွယ်တကူ ဝင်ရောက်နိုင်တာပါ။

ကူးစက်နှုန်းကတော့ အရင် Delta မျိုးစိတ်ထက် ကူးစက်နှုန်း တော်တော်လေး မြန်ပါတယ်။

Omicron မျိုးစိတ်က ကိုဗစ်ရောဂါဖြစ်ဖူးသူတွေကို ကူးစက်ခံရနိုင်ခြေ ပုံမှန်ထက် ၂.၄ ဆလောက် ပိုများနေပါတယ်။

ဘယ်လိုရောဂါလက္ခာဏာရှိတာလဲ။

Omicron နဲ့ ပတ်သက်ပြီး ရောဂါလက္ခဏာတွေက ချောင်းဆိုးမယ်၊ ခြေကုန်လက်ပမ်း ကျမယ်၊ နှာခေါင်းပိတ်မယ်၊ နှာစေးမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

နိုဝင်ဘာလ နှောင်းပိုင်းတုန်းက တောင်အာဖရိက နိုင်ငံတွေက Omicron မျိုးစိတ် ကူးစက်ခံရသူတွေမှာ လက္ခဏာတွေက ပြင်းထန်တာမျိုး မရှိဘဲ သာမန် နှာစေးဖျားနာမှုလိုမျိုး ခပ်ပျော့ပျော့ လက္ခဏာတွေကိုပဲ ခံစားရတာကို တွေ့ရှိခဲ့ရပါတယ်။

တခြားကိုဗစ်မျိုးစိတ်တွေလိုမျိုး အနံ့ပျောက်တာ အရသာပျောက်တာတဲ့ လက္ခာဏာမျိုးမတွေ့ရသေးပေမယ့် အသက်ရှူရ ကျပ်တဲ့ လက္ခာဏာတော့ ဖြစ်ပေါ်တတ်ပါတယ်။

အရင် ကိုဗစ် မျိုးစိတ်တွေတုန်းကတော့ ရောဂါပိုး ကူးစက်ခံရပြီး ၂ ရက်ကနေ ၁၄ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုး ရှိသလို ကူးစက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။

Omicron ကတော့ ကူးစက်မြန်တာကြောင့် အခြား ကိုဗစ် မျိုးစိတ်တွေထက် အချိန်တိုတိုအတွင်းမှာ လက္ခဏာ ပြနိုင်သလို လူတစ်ဦး ကနေ တစ်ဦးကို ကူးစက်နှုန်းကလည်း အခြား ကိုဗစ်ဗိုင်းရပ်စ်တွေထက် ပိုမြန်နေနိုင်ပါတယ်။

ကာကွယ်ဆေးက ထိရောက်နိုင်သလား။

Omicronရောဂါဟာ ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူတွေမှာလည်း ကူးစက်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကူးစက်သူတွေဟာ ကျန်းမာသန်စွမ်းတဲ့ လူငယ်ပိုင်းတွေဖြစ်နေတာကြောင့် ပြင်းထန်တဲ့ ရောဂါလက္ခာဏာကို မခံစားရဘူးလို့ ဆိုကြပါတယ်။

ဘယ်လိုကာကွယ်လုပ်သင့်လဲ။

လက်ရှိမှာ ကာကွယ်ဆေး ထိုးပြီးပြီဆိုပြီး ခပ်ပေါပေါ့နေတာမျိုးတွေ မလုပ်ဖို့ လိုသလို မတ်ခ်တပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးရှောင်ကြဉ်တာလိုမျိုး ကိုဗစ် ကာကွယ်ရေး နည်းလမ်းတွေကိုတော့ ဆက်လက် လိုက်နာတာ အကောင်းဆုံးပါ။

အိပ်ရေးဝဝ အိပ်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ အာဟာရ ပြည့်ဝအောင် စားတာ၊ ဆေးလိပ်ဖြတ်တာ၊ အရက်သေစာရှောင်တာမျိုးတွေကို သေချာလေး လုပ်ဆောင်ဖို့ လိုပါမယ်။

လက်ရှိမှာ ကာကွယ်ဆေး မထိုးရသေးသူတွေ အနေနဲ့လည်း ကာကွယ်ဆေးတွေကို နှစ်ကြိမ်ပြည့်အောင် ထိုးနှံထားတာက အကောင်းဆုံးဖြစ်မှာပါ။ ကာကွယ်ဆေးက အပြည့်အဝ မကာကွယ်ပေးနိုင်ရင်တောင် ထိခိုက်မှု နည်းအောင်တော့ လုပ်ဆောင်ပေးမှာပါ။

spot_img
spot_img