spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

online ကနေ သင်တန်းကျောင်း တက်ရောက်တဲ့  မြန်မာကျောင်းသားတချို့ကို ဂုဏ်ပြုလက်မှတ်ချီးမြှင့် 

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဘန့်နန်းဆွယ် ကျေးရွာက လူထုစာသင်ကျောင်း (BNSCLC ) ဟာ ၎င်းဖွင့်လှစ်ထားတဲ့ အွန်လိုင်း (online) သင်တန်းကျောင်းက‌နေပြီးမြောက်သွားတဲ့ မြန်မာနိုင်ငံသားလူငယ် တချို့ကို ဒီကနေ့ အောက်တိုဘာလ ၂ရက်နေ့မှာ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခဲ့ပါတယ်။

အဆိုပါကျောင်းဟာ ထိုင်းအစိုးရ အသိအမှတ်ပြုပုဂ္ဂလိကကျောင်းဖြစ်ပြီး  နိုင်ငံခြားထွက်ပြီးပညာသင်ကြားခွင့်မရတဲ့ မြန်မာကျောင်းသားလူငယ်တွေအတွက် ရည်ရွယ်ပြီး အွန်လိုင်းကနေ သင်တန်းကာလ ၂နှစ်ကြာ သင်ကြားပေးတာဖြစ်ပါတယ်။

“အများအားဖြင့်ကျောင်းတွေက မဖွင့်နိုင်ကြဘူး ကလေးတွေလဲ အပြင်မှာ ကျောင်းသွားတက်ဖို့လဲ အဆင်မပြေကြဘူးပေါ့။ ကလေးကို ပညာရေးကို အစစ အရာရာ ပညာရေးနဲ့ထိတွေ့ပြီးတော့မှ ကလေးတွေက ပညာရေး ဆက်ရသွားနိုင်အောင်လဲ ကျမအနေနဲ့လဲ ကလေးတွေကို ကြိုးစားသွားစေချင်တယ်” လို့ လူထုစာသင်ကျောင်း BNSCLC ကျောင်းရဲ့ ဆရာမတစ်ဦး ကပြောပါတယ်။

အဆိုပါ အွန်လိုင်း(online) သင်တန်းကျောင်းမှာ သင်ကြားရတဲ့ ဘာသာရပ် ၅ ခုရှိပြီး အင်္ဂလိပ်စာ၊ ထိုင်း နဲ့ ကရင်နီဘာသာ၊ computer နဲ့ development စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးတယ်လို့ သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံကနေပြီး Online က တဆင့်   တက်ရောက်သင်ကြားတဲ့နေရာမှာ အင်တာနက်လိုင်းအခက်အခဲနဲ့ ဘာသာစကားအခက်အခဲတွေရှိခဲ့တယ်လို့ သင်တန်းပြီးမြောက်သွားတဲ့ ကျောင်းသူတစ်ဦးကပြောပါတယ်။

“အဲ့မှာစစချင်း ကိုယ်ရဲ့ဘာသာစကားမဟုတ်တဲ့အရာတွေကိုသင်ရတော့ ထိုင်းစာသင်ရတာ အရမ်းခက်တော့ ကြိုးစားရတယ်။ တခါတလေဆို အရှုံးပေးရတယ် ကျမဒီကျောင်းမတက်တော့ဘူး ခက်ခဲတယ် အရမ်းခက်ခဲတယ်။ ဖတ်တဲ့ချိန်မှာ အရမ်းဝမ်းနည်းပြီး ငိုမိခဲ့တာပေါ့နော် ဒီစာတွေပေါ့နော် ဒါပေမယ့် တစ်ခါတစ်လေ ကိုယ့်ဟာကိုယ်ပြန်စဉ်းစားတာပေါ့။ ဒီလောက်လေးနဲ့   ကိုယ်မလုပ်နိုင်လို့ရှိရင်  တစ်ခြားအရာဘယ်တော့မှ မလုပ်နိုင်ဘူး ဒီအရာက ကိုယ်ကြိုးစားရင် ကိုယ်အောင်မြင်မှာပေါ့နော် “လို့ အဆိုပါကျောင်းသူက ပြောပါတယ်။

လက်ရှိ အွန်လိုင်းသင်တန်းကျောင်းကို တက်ရောက် ပြီးမြောက်သွားတဲ့ ကျောင်းသူ၊ ကျောင်းသား ၄ ဦးသာရှိနေပါသေးတယ်။

spot_img
spot_img

Recent posts