spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

PNLO အခြေပြုဒေသ၊ ဒေါတခြောကျေးရွာကို ရောက်ရှိတဲ့ ကရင်နီစစ်ရှောင်တွေကို စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းလှူဒါန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PLNO )အခြေပြုဒေသရှိ ဒေါတခြော ကျေးရွာကို ထပ်မံ ရောက်ရှိလာတဲ့ ကရင်နီစစ်ရှောင် ၁၀၀ ကျော်အတွက် PNLO ကနေ စားနပ်ရိက္ခာ နဲ့ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေကို သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒေါတခြောကျေးရွာကို ရောက်ရှိလာတဲ့ ကရင်နီစစ်ရှောင်တွေဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ တစ်လေးလုံးစစ်ဆင်ရေးစတင်ပြီးနောက် လွိုင်ကော်မြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေအပါအဝင် ရှားတောမြို့နယ်က စစ်ရှောင်တွေလည်း အများစုပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ရှောင်တွေအတွက် ဆန်အိတ် ၃၀၊ ဆီ၊ ဆား၊ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ မျက်နှာသုတ်ပုဝါ၊ သွားတိုက်ဆေး၊ စောင် တို့ကို သွားရောက်လှူဒါန်းခဲ့တယ်လို့ PNLO မှ စစ်ရှောင်ကူညီရေး တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဓိက ဒီ ရှားတော၊ လွိုင်ကော်နဲ့ နယ်မြေ ဆက်စပ်တဲ့ခါကျတော့ အဲ့ဒီဘက်ကနေ အများစု လာကြတာပေါ့နော်။ ဆန် အိတ် ၃၀ ရယ် ပြီးတော့ ဆီရယ်၊ ဆားရယ် ပြီးတော့ သူတို့ရဲ့ တစ်ကိုယ်သုံးပစ္စည်းပေါ့ အထုတ် ၅၀ ပေါ့။ အမျိုးအစား ၈ မျိုးပေါ့။ ဆန်၊ ဆီ၊ဆားတွေ စားနပ်ရိက္ခာတွေ ပြီးတော့ စောင် တွေပေါ့”လို့ အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်နီစစ်ရှောင်တွေ ရောက်ရှိနေတဲ့ ကျေးရွာတွေမှာ အလှူရှင်ရောက်ရှိမှုနည်းပါးသလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတာကြောင့် PNLO ကနေ သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

PNLO အခြေပြုဒေသအတွင်းက ဆီဆိုင်နဲ့ မောက်မယ်မြို့မှာ စစ်ဘေးရှောင် သောင်းနဲ့ချီရှိနေသလို လူသားချင်းစာနာစိတ်နဲ့ အားလုံးဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

“အဓိက စစ်ဘေးရှောင်တွေဆိုတာက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရှိကြတာပေါ့လေး လူသားချင်းလဲဖြစ်တယ် အခုကျနော်တို့ ဒီPLNO အခြေပြုဒေသမှာ ဆီဆိုင်မြို့နယ် မောက်မယ်မြို့နယ် အဲ့ဒီ ဆက်စပ်မှာ အမှန်က စစ်ရှောင်က သောင်းချီရှိတယ်။ ကျနော်တို့က တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့လူတွေဖြစ်တဲ့ခါကျတော့ စစ်ဘေးရှောင်တွေကို လူသားချင်းစာနာစိတ်နဲ့ အားလုံး ဝိုင်းဝန်းကူညီပေးကြဖို့ နိုင်ငံတကာ အဖွဲ့အစည်းရော ပြည်တွင်းပြည်ပ ရှိတဲ့ အဖွဲ့အစည်းအားလုံးရော လူထု အချင်းချင်း တိုက်တွန်းပြောချင်တာပေါ့” လို့ PNLO စစ်ရှောင်ကူညီရေး တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

PNLO အခြေပြုဒေသကို ရောက်ရှိလာတဲ့ ကရင်နီစစ်ရှောင်တွေအတွက် PNLO အုပ်ချုပ်ရေးဌာနနဲ့ အလှူရှင်တွေကနေ ပူးပေါင်းပြီး စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်း နဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို တတ်နိုင်သမျှ ကူညီပေးလျက်ရှိနေတယ်လို့ ဆိုပါတယ်။ PNLO အခြေပြုဒေသ ဆီဆိုင်မြို့နဲ့ မောက်မယ်မြို့မှာ ကရင်နီစစ်ရှောင် ၂သောင်းဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts