spot_imgspot_imgspot_imgspot_img
Tuesday, October 15, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

TAG

ကျန်းမာရေး

ကယားပြည်နယ်တွင် Covid 19 ရောဂါ စောင့်ကြည့်နှင့် သံသယ လူနာ (၁၃)ဦးအနက် (၆) ဦးမှာ ရောဂါပိုးမရှိ

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်တစ်ဝန်းမှ ပြည်နယ်ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန လက်အောက်ရှိ ဆေးရုံများတွင် Covid 19 ရောဂါ စောင့်ကြည့်နှင့် သံသယ လူနာ (၁၃)ဦးအနက် (၆) ဦးမှာ ရောဂါပိုးမရှိဘဲ ၆ ဦးကို ဆက်လက် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ကျန်...

ပြည်နယ်သို့ မတ်လအတွင်း ပြည်ပမှပြန်လာသူ ဦးရေ ၄၇၄ ရှိ

ကန္တာရဝတီတိုင်း(မ်) ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ယခု မတ်လ အတွင်း ကယား (ကရင်နီ) ပြည်နယ်သို့ ပြန်လည် ရောက်ရှိလာသူ ဦးရေ ၄၇၄ ဦးရှိကြောင်း ကယားပြည်နယ် အစိုးရမှ မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရှိရသည်။ လက်တလောတွင်...

လွိုင်ကော်မြို့ရှိတက္ကသိုလ်များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများ ယာယီပိတ်၊ စာမေးပွဲများရပ်ဆိုင်း

ကန္တာရဝတီတိုင်း(မ်) ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် လွိုင်ကော်မြို့ရှိ တက္ကသိုလ်များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများ အားလုံးကို ယာယီပိတ်ထားလိုက်တယ်လို့ သိရပါတယ်။ လက်ရှိ ယာယီပိတ်ထားလိုက်တဲ့ကျောင်းတွေကတော့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်)၊ စိုက်ပျိုးရေးသိပ္ပံ(ဒီမော့ဆို)၊ ကွန်ပျုတာတက္ကသိုလ်(လွိုင်ကော်)၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်)၊ ပညာရေးကောလိပ်(လွိုင်ကော်)၊ စက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)၊ လွိုင်ကော်တက္ကသိုလ် တို့ဖြစ်ပါတယ်။ ဒါ့အပြင် တက္ကသိုလ်အသီးသီးတွင် ဖြေဆိုလက်စ နှစ်ဝက်စာမေးပွဲကိုလည်း...

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ရောဂါအတွက် ကုသရေးအခန်းကြိုတင်ပြင်ဆင်

ကန္တာရဝတီတိုင်းမ် လတ်တလောကမ္ဘာ့အနှံမှာဖြစ်ပွားနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ Covid-19 ရောဂါ ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကုသရေးအခန်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားတယ်လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်ကပြောပါတယ်။ “ပွင့်ပွင့်လင်းလင်းပြောရရင် ဖြစ်နိုင်ချေ ကူးစက်ရောဂါတွေ ကျတော်တို့လူတွေ သွားပြီးအလုပ်လုပ်နေကြတဲ့ ထိုင်း၊ မလေးရှားမှာလည်း ရောဂါတွေဖြစ်တယ်။ သူတို့တွေက နွေရာသီမှာ အကုန်လုံး ကျတော်တို့နိုင်ငံသားတွေပြန်ဝင်လာကြတယ်။...

ထိုင်းနယ်စပ်ဘက် မလိုအပ်ဘဲသွားလာသူ တားမြစ်သွားမည်

ကန္တာရဝတီတိုင်း(မ်) ထိုင်းနှင့်ကယား(ကရင်နီ) ပြည်နယ် နယ်စပ်ဂိတ်တွေပေါက်တွေကို မလိုအပ်ဘဲ ခရီးသွားလာတဲ့သူတွေကို တားမြစ်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောလိုက်ပါတယ်။ “ကျနော်တို့မလိုအပ်ပဲ ခရီးသွားလာတဲ့သူခွင့်မပြုဘူး။ ကျနော်တို့နယ်စပ်ခရီးသွားဂိတ်တွေရှိတယ်။ အဲဒါတွေဆောင်ရွက်နေတယ်။ တားမြစ်ထားတယ်။” လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။ KNPP ဆက်ဆံရေးရုံးကနေတဆင့် နယ်စပ်ဂိတ်ဖြစ်တဲ့ အဓိက BP-9 နဲ့ ဒုက္ခသည်ထွက်ပေါက်...

နယ်လှည့်ဆေးကုသရင်း ဖက်ဒရယ်ကျန်းမာရေးစနစ် ဖော်ဆောင်နေ

စိုးထိုက်အောင်၊ အန်ထောနီ ကယား(ကရင်နီ)ပြည်နယ်တွင် တခြားတိုင်းရင်းသားကျန်းမာရေးဌာအဖွဲ့အစည်းတွေနဲ့ အတူတူ ဖယ်ဒရယ်ကျန်းမာရေးစနစ်ကို ဆောင်ရွက်နေပြီဖြစ်တယ်လို့ ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီမှ စေတနာ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဒီကျမတို့ ဖယ်ဒရယ် Health System ကို ကျမတို့သွားဖို့လုပ်နေတယ်လေ ဒီအချိန်မာပဲ တစ်ချိန်ထဲမှာပဲ ကိုယ့်ပြည်နယ်လဲ ကိုယ်က ကျန်းမာရေးကဏ္ဍတွေ အားလုံးပါဝင်သလို တစ်ခြားသောတိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းနဲ့လဲ ကျမတို့အလုပ်အတူတူတွဲလုပ်တယ်ပေါ့နော်။” လို့...

လူနေကျဲတဲ့ တောင်ပေါ် ဒေသတွေမှာ ဆေးပေးခန်းတွေရှိပေမဲ့ ဖွဲ့စည်းပုံမကျတဲ့အတွက် ဆေးဆရာ၊မ မရှိ

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ် တောင်ပေါ် ကျေးလက်ဒေသတွေဘက်က ကျေးလက်ဆေးပေးခန်းဌာနခွဲတွေမှာ ဖွဲ့စည်းပုံမကျလို့ ဆိုပြီး ဆေးခန်းထိုင် ဆရာဆရာမတွေ မထားပေးတာဟာ ဒေသခံပြည်သူတွေ ကျန်းမာရေးအရ လျစ်လျူရှုခံနေရတာဖြစ်တယ်လို့ လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network - CHDN) မှ ဒါရိုက်တာ...

မော်ချီးခဲ အလုပ်သမားတွေရဲ့ကျန်းမာရေးကိစ္စ လွှတ်တော်မှာတင်ပြရန်အစီအစဉ်မရှိသေး

စိုးထိုက်အောင် ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးခဲသတ္တုတွင်းထဲမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုနဲ့ပတ်သက်လို့ ပြည်သူတွေဘက်က တင်ပြချက်မရှိတဲ့အတွက် လွှတ်တော်ထဲမှာ တင်ပြဖို့ အစီအစဉ်မရှိသေးဘူးလို့ ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ပြောပါတယ်။ ဒေါ်နန်းထွေးသူက “ခဲဆိပ်နဲ့ပတ်သတ်ပြီးမှတော့ ဒါပြည်သူတွေဆီကနေလဲ အမတို့ကလူထုတွေ့တယ်လေ လူထုအမြဲတန်းတွေ့တုန်းက ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့တင်ပြတာတွေလဲ မရှိဘူး၊ မေးမြန်းတာတွေလဲ...

“ နိုင်ငံ့ဂုဏ်ဆောင် ကစားသမားတွေကို အလေးထားပေးပါ ”

ခူးစေရယ် တရုတ်နိုင်ငံရဲ့ U 16 Boy’s Cricket T20 2019 မှာ အကောင်းဆုံး ကစားသမားဆု ၂ ဆုရခဲ့တဲ့ ခရစ်စတိုဖာ ဟာရင် အားကစားမှာထူးချွန်ပြီးတော့ တိုင်းနှင့်ပြည်နယ်အဆင့်သာမက နိုင်ငံ့လက်ရွေးစင် တစ်ဦးလည်း ဖြစ်ပါတယ်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နှင့် ဟောင်ကောင်တို့မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်...

ရာသီဥတုဒဏ်မခံနိုင်သည့် စီပီဝက်များအသေအပျောက်များဖြင့် ကြုံတွေ့နေရ

စိုးထိုက်အောင် လွိုင်ကော်မြို့နယ်အတွင်းရှိ စီပီဝက်များသည် ရာသီဥတုဒဏ်မခံနိုင်သည့်အတွက် အသေအပျောက်များဖြင့် ကြုံတွေ့နေရသည်ဟု စီပီဝက်မွေးမြူသူများထံမှ သိရသည်။ ထွေးပလော်ခူကျေးရွာတွင် စီပီဝက်မွေးမြူလျက်ရှိသည့် ဒေါ်လွီးဇာက "ဝက် နာကျပြီးဝက်၅ကောင်လောက်သေတယ်။ ဝက်နာက ရာသီဥတုနဲ့ လေထုကြောင့် ဝက်နာကျ ရာသီဥတုက အပူအအေး မညီမျှဘူး။ စီပီဝက်တွေက ရာသီဥတုဒဏ်ကိုခံနိုင်ရေမရှိဘူး။ အဲ့ဒါကြောင့် အသေအပျောက်များတယ်။" ဟု ပြောပါသည်။ ထေးပလော်ခူကျေးရွာတွင်...

Latest news

- Advertisement -spot_img