စိုးထိုက်အောင် ကမ္ဘာ့ဈေးကွက်မှာဆိုလျှင် ဂျပန်ဆန်စပါးမျိုးဟာ ဈေးအကြီးဆုံးဖြစ်ပြီးတော့ ကယားပြည်နယ်အတွင်းမှာ စိုက်ပျိုးရင် အောင်မြင်နိုင်တယ်လို့ စိုက်ပျိုးရေးသုတေသနပြုလုပ်ခဲ့ကြတဲ့ Miunoru Keiwa Co.Ltd မှ ကွင်းတာဝန်ခံ ကိုသန်းတိုးအောင်က ပြောပါတယ်။ “ တင်းကလဲ ၉၀-၁၀၀ ဆိုတော့ ဒါမနည်းတော့ဘူးပြောရမှာပေါ့။ ကျတော်တို့အရည်အသွေးလေးကောင်းမယ်ဆိုရင်ဒါ ဈေးကွက်ကရနိုင်တယ်။ တောင်သူတွေအနေနဲ့လည်းတွက်ခြေကိုက်နိုင်တယ်ပြောရမှာပေါ့။” လို့ ကိုသန်းတိုးအောင်က ပြောပါတယ်။ လွိုင်ကော်စိုက်ပျိုးရေး သုသေတနခြံနှင့် Miunoru Keiwa Co.Ltd တို့ပူးပေါင်းပြီး၊ စိုက်ပျိုးရေး သုသေတနခြံဖြစ်ကြတဲ့ သပြေတောစိုက်ကွင်းနှင့် ငွေတောင်မျိုးသန့်ခြံ အမှတ်-၂ စိုက်ကွင်း အတွင်းမှာ ဂျပန်ဆန်စပါးမျိုး ၄မျိုး သုတေသနပြုလုပ်စိုက်ပျိုးခဲ့တာဖြစ်ပြီးတော့ မေလထဲမှာ ရိတ်သိမ်းရမှာဖြစ်ပါတယ်။ ဆန်၊ ၁ကီလို- ၁၀၀၀၀ကျပ်၊ (၅ကီလို- ၅သောင်းကျပ်) ရှိတဲ့အတွက် […]