Homeသတင်းဖရူဆိုမြို့နယ်မှာ စစ်အုပ်စုတပ်က နွားကျောင်းနေတဲ့ အမျိုးသားနှစ်ဦးကို ပစ်ခတ်၊ တဦး လက်မောင်းကျည်ထိမှန်ပြီး တဦးပျောက်ဆုံးနေ

ဖရူဆိုမြို့နယ်မှာ စစ်အုပ်စုတပ်က နွားကျောင်းနေတဲ့ အမျိုးသားနှစ်ဦးကို ပစ်ခတ်၊ တဦး လက်မောင်းကျည်ထိမှန်ပြီး တဦးပျောက်ဆုံးနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းတနေရာမှာ ယမန်နေ့ ဇူလိုင်လ ၂၁ရက်နေ့က နွားကျောင်းနေတဲ့ အမျိုးသားနှစ်ဦးကို စစ်အုပ်စုတပ်က လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဖရူဆိုဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသားတဦးရဲ့ လက်မောင်းကို ကျည်ထိမှန်ခဲ့ပါတယ်။ ကျန်တစ်ဦးဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားကိုတော့ ညပိုင်းအထိ အဆက်အသွယ် မရရှိသေးဘဲ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“နွားကျောင်းထွက်တာလေး၊ စစ်အုပ်စုက အဲ့အနီးနားဖက်မှာ ရှိနေတော့ ဖမ်းမိသွားတာနေမှာ၊ နောက်ကနေ လာတဲ့ တစ်ယောက်တော့ သူ့ကိုပစ်တာ လက်မောင်းထိတယ် တယောက်ပျောက်နေသေးတယ်၊ ညနေထိတော့ ဘားမသိရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ အမျိုးသားတဦးကို ဒေသခံတွေက လိုက်လံရှာဖွေခဲ့ရာ ၎င်းယူဆောင်သွားတဲ့ မိုးကာနဲဲ့ ဦးထုပ်ကိုသာ တွေ့ရှိခဲ့ရပြီး ဒီကနေ့ မနက်ပိုင်းအထိ နေအိမ်ကို ပြန်လည်ရောက်ရှိလာခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

စစ်အုပ်စုတပ်က ဒီးမော့ဆို – ဖရူဆိုပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားပြီး လမ်းပိုင်း နဲ့ ကျေးရွာအနီးအနားက လမ်းသွယ်နေရာတွေကို ကင်းရှည်နေရာယူတာ၊ ကင်းပုန်းချထားတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်အတွင်းက လမ်းပိုင်းတနေရာမှာ ဖြတ်သန်းသွားလာသူတွေကို စစ်အုပ်စုတပ်က ဒရုန်းနဲ့ပစ်ခတ်ခဲ့လို့ အမျိုးသားတဦး ထိမှန်သေဆုံးခဲ့ပါတယ်။

ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာနဲ့ တောင်ယာရှိရာဖက်ကို စစ်အုပ်စုတပ်က ဒရုန်းနဲ့ကင်းထောက်တာ၊ လက်နက်ကြီးပစ်ခတ်တာ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ