ကန္တာရဝတီတိုင်း(မ်) စစ်တပ်မှသိမ်းယူထားတဲ့ ဒေသခံတောင်သူတွေရဲ့ မြေယာဟာဆိုလျှင် မြေသိမ်းဥပဒေနှင့်မကိုက်ညီဘူးဆိုရင် ဥပဒေအရတောင်သူတွေထံ ပြန်ပေးရမယ်လို့ တရားလွှတ်တော်ရှေ့နေဦးသိန်းဦးကပြောပါတယ်။ “ပထမဆုံးအချက်ကတော့ ကျတော်တို့မြေသိမ်းတယ်ဆိုရင် ၁၈၉၄ခုနှစ်မြေသိမ်း ဥပဒေအရပဲ သိမ်းလို့ရတာပေါ့နော် ဒါက ဥပဒေကြီးဖြစ်နေတာကိုး အဲ့ဒီဥပဒေနဲ့မညီတဲ့ဟာတွေကို ပြန်ပေးနေကြတာပေါ့နော်။ ပြန်ပေးရမယ် ဒါနိုင်ငံတော် သမ္မတ ကလဲညွှန်ကြားထားတာပေါ့နော်။” လို့ ဦးသိန်းဦးက ပြောပါတယ်။ တောင်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် ပြန်ရရှိဖို့ အားကိုးစရာဥပဒေတခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိတောင်သူတွေ တရားရုံးကိုထွက်ဆိုချက်တွေအရ တောင်သူဟာဆိုရင် နှစ်ပေါင်း၅၀မကစိုက်ပျိုးလားကြပြီးဖြစ်တယ်ဆိုတာ သက်သေတွေထွက်ဆိုထားတာတွေ့ရကြောင်း၊ နိုင်ငံသားအခွင့်အရေးအနေနဲ့ကြည့်မယ်ဆိုရင် တောင်သူတွေပြန်ရဖို့မြေပဲဖြစ်တယ်လို့ ဦးသိန်းဦးက ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူတွေကိုစစ်တပ်ကတရားစွဲထားတဲ့အမှုကို အခုလိုသုံးသပ်ပြောဆိုထားပါတယ်။ ဦးသိန်းဦးက “အာဏာရှိတာ မရှိတာနဲ့မဆိုင်ဘူး။ ဥပဒေအရ တောင်သူတွေမှာ အခွင့် အရေးတွေရှိတယ်။ ဥပဒေနဲ့အညီ ရော်ကြေးတွေ ၊နစ်နာကြေးတွေ […]