နော်ဒွေးအယ်ခူ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အခြေစိုက်ပါတီ ကယားပြည်နယ်အခြေစိုက် နှစ်ပါတီဖြစ်တဲ့ ကယန်းအမျိုးသားပါတီ (KNP) နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ပါတီ၊ နှစ်ပါတီပေါင်းမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၂ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။ နှစ်ပါတီပေါင်း ကိုယ်စားလှယ်လောင်း ၄၀ ဦး ရှိတဲ့ အထဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၃ ဦးပါဝင်ပြီး ရာခိုင်နှုန်းနဲ့ဆိုရင် ၃၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) မှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၈ ဦး၊နဲ့ ကယန်း အမျိုးသားပါတီမှာ ၅ ဦးပါဝင်တာဖြစ်ပါတယ်။ “ကိုယ်စားလှယ်လောင်း(၁၀)ဦးထဲမှာ အမျိုးသမီးက ၅ဦးပါ ပါတယ်။ ရှေ့နေအသင်းကတချို့ပါသလို တစ်ဖက်မှာကတော့ CsO, NGO မှာလုပ်ခဲ့တဲ့ လူငယ်အသင်းအဖွဲ့တွေကလူတွေပါတယ်။ […]

အန်ထောနီ တောင်သူတွေနဲ့ မြန်မာ့တပ်မတော်တို့ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပြည်ထောင်စု အစိုးရသော်လည်းကောင်း ပြည်နယ်အစိုးရသော်လည်းကောင်း တစ်စုံတစ်ရာ ဖြေရှင်းပေးတာတို့ ညွန်ကြားချက်တွေထုတ်ပေးတာတို့ ဆောင်ရွက်သင့်တယ်လို့ ကယား(ကရင်နီ)ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီတွေက တောင်းဆိုလိုက်ပါတယ်။ “အစိုးရတွေက ဒါချက်ချင်းလုပ်ဆောင်ပေးသင့်တဲ့အရာဖြစ်တယ်။ နောက်ထပ်အမှုမျိုးတွေမတက်လာအောင်လည်း ပြင်ဆင်တဲ့အနေနဲ့ ပြင်ဆင်တဲ့ အနေအထားဖြစ်အောင် ညွန်ကြားချက်တွေ ဥပဒေတွေပြင်တာတွေ တစ်စုံတစ်ရာ လုပ်ဖို့လိုအပ်တယ်။ ဒါပေမယ့်လက်ရှိအစိုးရက လက်ရှိအခြေအနေအထိ ဘာတစ်ခုမှ မပြင်ထားဘူး။”လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။ ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင် ၊ လွိုင်ကော်မြို့နယ်ရှိ တပ်မတော်တပ်ရင်းဖြစ်ကြတဲ့ အမတ (၃၅၆)၊ ခမရ (၂၅၀) နှင့် ဒီးမော့ဆိုမြို့နယ်ရှိ အမတ (၃၆၀) တို့ က […]