spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးမှုဖြစ်ပွား

ဒီးမော့ဆိုအနောက်ခြမ်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးမှုဖြစ်ပွား

-

ကန္တာရဝတီတိုင်း ( မ် )

ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ဘေးရှောင်နေရာတခုမှာ ကိုယ်ဝန်ရှစ်လကျော်ရှိတဲ့ အမျိုးသမီးတဦး မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၂၂ နှစ်အရွယ်ဖြစ်ပြီး နေပြည်တော်ဇာတိ က လို့ သိရပါတယ်။ သူမရဲ့ခင်ပွန်းဖြစ်သူကတော့ ရန်ကုန်ဇာတိ ဖြစ်ပါတယ်။

အိမ်နီးချင်းတွေရဲ့ ပြောပြချက်အရ မနက်ပိုင်းမှာ သေဆုံးသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ အိမ်သာကနေ ပြန်လာချိန်မှာ ဖြစ်စဉ်ကို တွေ့ရှိခဲ့ပြီး အော်ဟစ်သံကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

“မနက် ၇ နာရီမထိုးခင် သူ့ယောကျ်ားက အိမ်သာသွားတယ်။ သူ့ယောကျ်ား အိမ်သာကနေ ပြန်လာတော့ ဖြစ်စဉ်ကို တွေ့ပြီး တကုန်အော်တာ။” လို့ အိမ်နီးချင်းဖြစ်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ဖြစ်စဉ်ကို အိမ်နီးချင်းတွေ သိရှိပြီးနောက် ပရဟိတအဖွဲ့တခုက ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆေးရုံရောက်ချိန်မှာ မိခင်နဲ့အတူ ဗိုက်ထဲက သန္ဓေသားပါ သေဆုံးသွားခဲ့တယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးမှုအကြောင်းရင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ