ကန္တာရဝတီတိုင်း(မ်) စစ်တပ်ကနေ လယ်ယာမြေသိမ်းဆည်းခံလိုက်ရပြီး မိသားစု စားဝတ်နေရေးရုန်းကန်ရှာဖွေစားသောက်နေရတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာမှ ကိုပါးရယ်နဲ့ သူတို့မိသားစု အခက်အခဲအကြောင်းကို တွေ့ဆုံမေးမြန်းထားပါတယ်။ ကိုပါးရယ် မိသားစုက ကိုပါးရယ်နှင့် ဇနီး၊ သားတစ်ဦး ယောက္ခမနှင့်အတူ လေးယောက် ရှိပါတယ်။ လက်ရှိမှာ ကိုပါးရယ်ကစက်ပြင်၊ စက်မောင်း။ ယောက္ခမဖြစ်သူ ဒေါ်ညားမာက တစ်ခါတစ်လေ တောင်ယာပေါင်းလိုက်တဲ့အလုပ်ကိုနေ့စားလုပ်တယ်။ ဇနီးနဲ့ကလေးကတော့ အိမ်မှာ ကလေးနှင့် အိမ်တွင်း အလုပ်လုပ်နေသူဖြစ်ပါတယ်။ မေး ။ ။ အရင်တုန်းက တောင်ယာလုပ်ကိုင်တဲ့အခါ စားဝတ်နေရေး ဖူလုံခဲ့ကြလား ဘယ်လိုအခြေအနေ ရှိခဲ့လဲ။ အခုလက်ရှိ တောင်ယာသိမ်းဆည်းခံလိုက်ရပြီးနောက် ဘာတွေကြုံတွေ့ ရင်ဆိုင်နေကြရလဲ။ ဖြေ။ ။ မသိမ်းခင်တုန်းကဆို ကျနော်တို့ရဲ့ ဘိုးဘွားအစဉ်အဆက်အရပေါ့နော် ၄-၅-၁၀ဧကလုပ်စားတာတောင်မှ […]

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့တောင်သူတွေနဲ့ အမြောက်တပ် (၃၆၀) တို့ ပဋိပက္ခဖြစ်ပွားခဲ့ကြတဲ့ တောင်ယာမြေယာပေါ်မှာ တခြားသူဝင်ရောက်ထွန်ယက်လုပ်ကိုင်နေတဲ့အပေါ် ဒေသခံတွေ လုပ်ကိုင်စိုက်ပျိုးစာမြေမရှိတော့မှာကို စိုးရိမ်နေကြပါတယ်။ လုပ်ကိုင်စားသောက်စရာ မြေနေရာ မရှိတော့တဲ့အတွက် မိသားစုစားဝတ်နေရေးကို စိတ်ပူပန်ရပြီး နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲနေရတယ်လို့ ဒေါဆိုရှေ့မှ တောင်သူတစ်ဦးဖြစ်တဲ့ ဒေါညားမာ က ပြောပါတယ်။ “သူများခြံကို နေ့စားလိုက်တာတစ်နေ့ ၅၀၀၀ ပဲရတယ် ကျမဆန်ဝယ်စားရတယ် ကျမမှာကလေး ၃ ယောက်ရှိတယ်လေး စားလို့မလောက်ဘူးလေး။ ကျမကလေးတွေလည်း ဘာသွားစားရမလဲ မသိတော့ဘူး ညလည်းအိပ်မပျော်တော့ဘူး စိတ်ဆင်းရဲရတယ် မျက်လုံးထဲမှာ ကိုယ့်ခြံကိုပဲပြန်မြင်ယောင်နေတယ်” လို့ ဒေါ်ညားမာက ပြောပါတယ်။ ယခုအချိန်မှာတော့ စားဝတ်နေရေးအတွက် တခြားသူတွေရဲ့ လုပ်ငန်းတွေမှာ နေ့စားအလုပ်ကို တရက်လုပ်တရက်စား လုပ်ကိုင်ရင်း […]

ကန္တာရဝတီတိုင်း(မ်) အမတ (၃၆၀)ကနေ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူတွေကို တရားစွဲထားတာဆိုရင် ဒီနေ့မှာတော့ ပုဒ်မ ၄၄၇ နဲ့ဆွဲထားခံရတဲ့သူတွေကို ငွေဒဏ်တစ်သောင်းချမှတ်ခဲ့ပြီး ငွေဒဏ်မဆောင်ပါက ထောင်ဒဏ် ၁၅ရက်၊ ပုဒ်မ (၆/၁)နဲ့တရားစွဲခံရတဲ့သူတွေကတော့ အလုပ်နဲ့ထောင်ဒဏ်၃လ ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ်တရားရုံးကနေ စုစုပေါင်း တောင်သူလယ်သမားအပါအဝင်၊ စက်သမား စုစုပေါင်း ၁၉ ဦးကို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ ၁၉ဦး ထဲမှာတော့ တချို့ကတော့ပုဒ်မ ၄၄၇ ၊ တချို့ကတော့ ပုဒ်မ (၆/၁)၊ တချို့ကတော့ ပုဒ်မ ၂ ခုစလုံး ဆွဲဆိုခံရတာဖြစ်ပါတယ်။ ချုပ်ရက်တွေနဲ့ ပြန်နုတ်လိုက်တာဖြစ်လို့ ဒီနေ့မှာတော့ အချုပ်ကျခံထားရတဲ့ တောင်သူတွေ ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။ ပုဒ်မ ၄၄၇ နဲ့စွဲဆိုခံရတဲ့ တောင်သူတွေကတော့ ငွေဒဏ် […]