စိုးထိုက်အောင် ကယားပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနဲ့ပတ်သတ်ပြီး ပြည်နယ်အစိုးရ လေးနှစ်ကျော်ကာလအတွင်းမှာ အားမရတဲ့အချက်မရှိခဲ့ပါဘူးလို့ အစိုးရအဖွဲ့ဝင်က ပြောကြားလိုက်ပါတယ်။ လေးနှစ်ကျော်ကာလအတွင်းဒေသဖွံ့ဖြိုးမှုကို လုပ်ဆောင်တဲ့အခါမှာ အားလုံးက တက်ညီလက်ညီနဲ့ဆောင်ရွက်နေတဲ့အတွက်ကြောင့် အားမရတဲ့အချက်မရှိဘူးလို့ ကယားပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးအံ့မော်က ၂၀၂၀၊ ဇူလိုင်လ ၂၄ရက်နေ့ ပြည်နယ်ခန်းမမှာ ကျင်းပတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ ဦးအံ့မော်က “ ဆောင်ရွက်မှုတွေထဲမှာ အောင်မြင်မှုအရှိဆုံးကတော့ ဟော်တယ်နှင့်ခရီးသွားလာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍ၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ စည်ပင်သာယာရေးကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့ဖြစ်ပြီးတော့ ဟော်တယ်နှင့် ခရီးသွားလာရေးကဏ္ဍမှာ ပြည်နယ်ဂုဏ်ဆောင်မှု တစ်ခုအနေနဲ့ ၂၀၁၉ခုနှစ် အာဆီယံ အသန့်ရှင်းဆုံးမြို့တော်အဖြစ် ဆုရရှိခဲ့တာတွေ့ရပါတယ်။” လို့ ပြောပါတယ်။ ဒေသဖွံ့ဖြိုးမှုကို အတိုင်းအတာတစ်ခုအထိကျေနပ်အားရပေမဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ […]