အန်ထောနီ လူစု လူဝေးဖြစ်ပေါ်စေနိုင်တဲ့ ဘိလိယက်ခုံဖွင့်ထားတဲ့ဆိုင်တွေကိုလည်း ကိုရိုနာဗိုင်းရပ်(စ်)ကူး စက်ပျံ့နှံမှု ထိန်းချုပ်ကာကွယ်ပေးရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံထားတာတွေ ရှိတယ်လို့ သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးတွေထံကနေ ကြားသိရပါတယ်။ ငွေတောင်ကျေးရွာအုပ်စုအတွင်းမှာလည်း ကျန်းမာရေးဦးစီးဌာနကနေ ညွန်ကြားထားတဲ့ အတိုင်းအသိပညာပေးစာစောင်တွေလိုက်ဝေပေးတာတွေ၊ အစိုးရက ညွန်ကြားချက်အရ လူစုလူဝေးမလုပ်ခိုင်းတာတွေကို လိုက်ပြီးတော့ မေတ္တာရပ်ခံထားတယ်လို့ ငွေတောင်အုပ်စုအုပ်ချုပ်ရေးမှူး စိုင်းမြင့်သိန်းချိုက ပြောပါတယ်။ စိုင်းမြင့်သိန်းချိုက “တစ်ခုတစ်ခုဖြစ်ပြီဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှုုးတွေနဲ့ အးမြဲတမ်း အချိတအဆက်ရှိတယ်။ ကျနော်ကတော့ သူတို့ကိုတော့ လောလောဆယ် နားဝင်အောင်တော့ ပြောထားရတာပေါ့ လူတွေလဲ တော်တော်လေးပါးသွားပါပြီ။ တစ်ခါတစ်လေကျနော်လာရင်လည် လာကစားတဲ့ ရွာထဲကလေးတွေလည် သူတို့ပြန်ကြပါတယ်။ အေစောစောပိတ်တော့ ကျနော်ကတော့ တာမျိုးပဲပြောတာပဲ။”လို့ ပြောပါတယ်။ သက်ဆိုင်ရာ ရာအိမ်မှူးတွေကိုလည်း လူစုလူဝေးမဖြစ်စေဖို့ ရပ်ကွက်အလိုက် ပူးပေါင်းပြီးစောင့်ကြည့်နေတာဖြစ်ပြီး […]