နော်ဒွေးအယ်ခူ ယာဉ်မှတ်ပုံတင်ပြုလုပ်ခြင်းနဲ့ သက်တမ်းတိုးဝန်ဆောင်မှုလုပ်ငန်းတွေကို ဇွန်လ (၈)ရက်နေ့ကစပြီး ပြန်လည်ဆောင်ရွက်နေပြီလို့ လွိုင်ကော်မြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်နန်းစိုးစိုးဟတ်က ပြောပါတယ်။ ဒေါ်နန်းစိုးစိုဟတ် “ ဝန်ဆောင်မှုလုပ်ငန်တွေက ကယားပြည်နယ်အတွက်ဆိုရင် ၂၀၂၀မတ်လ (၃၀)ရက်နေ့ကစပြီးတော့ ဝန်ဆောင်မှုတွေရပ်ဆိုင်းခဲ့တယ် ရပ်ဆိုင်းပြီးတော့ ဇွန်လ (၈)ရက်နေ့မှာဝန်ဆောင်မှုလုပ်ငန်းတွေပြန်ပြီးဆောင်ရွက်တယ်။ ဒါပေမယ့် အဲလိုဆောင်ရွက်တဲ့အချိန်မှာ ယာဉ်မောင်းလိုင်စင်အသစ်ဖြေဆိုတဲ့ ကိစ္စကိုတော့ ဆက်လက်ပြီး ရပ်ဆိုင်းထားသေးတယ် တကယ်လို့ဆောင်ရွက်မယ်ဆိုတဲ့နေ့ကျရင်တော့ အားလုံးသိအောင် ကြိုတင် ခုလိုပဲကြေညာပေးမယ်ပေါ့နော။ အခုကတော့ ဇွန်လ(၈)ရက်နေ့ကစပြီးတော့ လုပ်ငန်းတွေပြန်ပြီးတော့ သက်တမ်းတိုးလုပ်ငန်းတွေအားလုံးကို ယာဉ်မောင်းတွေကော ယာဉ်မှတ်ပုံတင်ကောဆောင်ရွက်နေပြီဖြစ်ပါတယ်”လို့ ပြောပါတယ်။ ကညနရုံးရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို COVId-19 ရောဂါ ကြိုတင်တားဆီးကာကွယ်ဖို့အတွက် မတ်လ (၃၀)ရက်နေ့မှစပြီး ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ဇွန်လ ၈ ရက်နေ့မှာတော့ လုပ်ငန်းတွေကို […]