ကန္တာရဝတီတိုင်း(မ်) COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးကာလအတွင်း ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများအား စနစ်တကျကြီးကြပ်ရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်ဝန်ထမ်းနှင့်လုပ်သားများအား အခြေခံစားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ပေးခဲ့ပါတယ်။ “ လက်ရှိမှာ ယာဉ်လိုင်းတွေရပ်နေရတယ် ရပ်နေရတဲ့အတွက် အဓိက ယာဉ်ဝန်ထမ်းတွေပေါ့ ယာဉ်မောင်းတို့ ယာဉ်နောက်လိုက်တို့ သူတို့နဲ့ဆက်စပ်ပြီးတော့မှ သူတို့ကို မှီခိုနေရတဲ့မိသားစုလည်းရှိတယ် သူတို့က တစ်လလောက်ကာလမှာ အလုပ်မရှိ ဝင်ငွေမရှိဆိုတော့ အင်မတန်စားဝတ်နေရေးအခက်အခဲရှိတယ် ဒါကြောင့်လည်း ယကကရဲ့အစီအစဉ်နဲ့ အခြေခံစားကုန်တွေ ပထမအကြိမ်အနေနဲ့ အခုလိုလှူဒါန်းပေးတာပေါ့” လို့ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဦးခင်မောင်ဖြုက ပြောပါတယ်။ ဆန် (၂၂၆)အိတ်၊ ဆီ (၆၇၀)ပိဿာ၊ ဆား (၆၇၀)ပိဿာ၊ ကြက်သွန်နီ (၆၇၀) ပိဿာ၊ ပဲ […]