မော်ဦးမြာ သြဂုတ်လ တတိယပတ်မှာ ကျင်းပမဲ့ စတုတ္ထအကြိမ် ၂၁ ပင်လုံညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ “ ကျနော်တို့ကို ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပေးပါဆိုပြီးတော့ ရေးထားတယ်။ အဓိက အဲ့အချက်ကြောင့်လည်း ကျနော်တို့က မတက်တာ။” လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။ KNPP အနေနဲ့ ဖိတ်ကြားခြင်းခံရပေမဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပေးဖို့ ရေးသားထားတဲ့အပြင် အနည်းဆုံး အတွင်းရေးမှူးနှင့်အထက် တက်ရောက်ပေးဖို့ ရေးသားထားတဲ့အတွက် အတွင်းရေးမှူးနဲ့ ဥက္ကဌကိုသာ ဖိတ်ကြားတဲ့သဘော ဖြစ်တယ်လို့ ဦးရွှေမျိုးသန့်က ဆက်ပြောပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေနဲ့ […]