ဒီစကားက မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအတွက် ဥပဒေပြဌာန်းပြီးတဲ့နောက် လုပ်ငန်းရဲ့ အခွန်အခကောက်ယူပိုင်ခွင့်သာရှိတဲ့ လုပ်ပိုင်ခွင့်ကို ပညာရှင်တွေက ထောက်ပြ သရော်ထားတဲ့ စကားပါ။ ပြောစမတ်ပြုကြတဲ့ အချက်အချို့တွေထဲက သစ်တောကဏ္ဍမှာ ထင်းစိုက်ခင်းစိုက်ခွင့်၊ ငါးဖမ်းလုပ်ငန်းမှာ အသေးစားရေချိုငါးမွေးမြူရေးနဲ့ ကန့်သတ်ထားတဲ့ ပင်လယ်ပြင်ငါးဖမ်းခွင့်၊ ကမ်းရိုးတန်းဒေသတွေမှာ ဆားချက်ခွင့်နဲ့ ပွဲလမ်းသဘင်လုပ်ခွင့်တွေကို ဆိုင်ရာဆိုင်ရာဒေသအလိုက် စီမံခန့်ခွဲပြီးရလာတဲ့ အခွန်အခတွေကိုသာ ပြည်နယ်/တိုင်းအစိုးရအနေနဲ့ စီမံခွင့်ရတာကို ဆိုလိုချင်တာပါ။ ၂၀၀၈ ခြေ/ဥ အရ ပြည်ထောင်စုအဆင့်ရဲ့ စီမံခန့်ခွဲမှုနဲ့အတူ အကြီးစားလုပ်ငန်းတွေကနေရတဲ့ အခွန်အခ တွေကို ဗဟိုအစိုးရကသာ စီမံခန့်ခွဲပြီး ပြည်နယ်/တိုင်းဒေသကြီးရဲ့ ဘတ်ဂျတ်တင်သွင်းရေးဆွဲတဲ့ အပေါ်မှာ မူတည်ပြီး ပြန်လည်ခွဲဝေပေးရတာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ဖြစ်တည်မှုကို ၎င်းနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်ရှိမှုနဲ့အတူ […]