မော်ဦးမြာ ဒေသန္တာရအမိန့်ပါ ကြေညာချက်များက နှစ်ဖက် အပြန်အလှန်ယုံကြည်မှုကို ပိုမိုပျက်ပြားစေတဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ အဆိုပါလုပ်ရပ်တွေကို ရှောင်ရှားဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ “ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်လား မထိခိုက်လားဆိုတာကတော့ ဒီကနေ့ ဖြစ်နေတဲ့ ရောဂါ အခြေအနေအပေါ်မှာ ကျတော်တို့ တစ်ဖက်နဲ့ တစ်ဖက်ပေါ့နော ယုံကြည်မှု ပျက်သွားစေနိုင်တဲ့ ဆောင်ရွက်ချက်မျိုးတွေပေါ့နော အမိန့်တွေပေါ့ ဒါတွေကတော့ နည်းနည်းရှောင်ဖို့ လိုတာပေါ့နော။ အကန့်အသတ်တွေပေါ့။ လိုတာထက် ပိုပြီးတော့မှ မလုပ်ဖို့ပေါ့လေ။” လို့ ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့မှာ ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ မြို့ နယ် (၇) […]

မော်ဦးမြာ COVID -19 ကာကွယ်ထိန်းချုပ်ရေးကုသရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ အကြောင်းမပြန်သေးဘူးလို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( ငြိမ်း) က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ ၎င်းက “ကျန်တဲ့ ၄ ဖွဲ့ကတော့ ကျတော်တို့ကို ပြန်ဆက်သွယ်တာ မရှိသေးပါဘူး။ KNPP က အကြောင်းမကြားသေးဘူး။ နောက်တစ်ခါ မြောက်ပိုင်း ၃ ဖွဲ့က မဆက်သွယ်သေးဘူး။”လို့ ပြောပါတယ်။ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီကို ပြီးခဲ့တဲ့ ဧပြီလ […]

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဥပဒေပြုရေးမဏ္ဍိုင်က ကိုယ်စားလှယ်တွေရဲ့ ပါဝင်ပတ်သက်မှု ဘယ်လိုရှိနေလဲ။ အဲ့ဒီအကြောင်းကို ငြိမ်းချမ်းရေး လေ့လာသူ လူမှုအသင်းအဖွဲ့က သူတချို့ရဲ့ အသံကိုဖော်ပြပေးလိုက်ပါတယ်။ ကိုကျော်ထင်အောင် (LAIN နည်းပညာပြုအထောက်အကူအဖွဲ့၊ ဘုတ်ဥက္ကဌ) ပြည်သူ့လွှတ်တော်မှာကော အမျိုးသားလွှတ်တော်မှာကော တိုင်းရင်းသားရေးရာကော်မတီပိုင်းဆိုင်ရာတွေက ငြိမ်းချမ်းရေးအပိုင်းကို လုပ်ရတာရှိတယ်။ သို့သော် အဲဒီကော်မတီထဲ ပါဝင်ရတဲ့သူတွေဟာ ၂၁ရာစုပင်လုံလို အခမ်းအနားကြီးကျင်းပမှသာလျှင် ပွဲတက်အဆင့်လောက်သာပါနေရတာကိုတွေ့ရတယ်။ ပြီးတော့ပြည်ထောင်စုတစ်ခုလုံးမှာဆိုရင် လက်ရှိ NRPC နဲ့တွဲပြီးတော့ လွှတ်တော်ပိုင်းဆိုင်ရာကနေ ပြည်သူ့လွှတ်တော်တစ်ဦး အမျိုးသားလွှတ်တော်တစ်ဦး ကော်မတီတွေကနေ ပါတယ်ဆိုပေမယ့်လည်း သူတို့တွေရဲ့ ထဲထဲဝင်ဝင်လုပ်ဆောင်မှုတွေမတွေ့ရဘူး။ နဂိုမူလ ဦးအောင်စိုး လုပ်ဆောင်ရာကနေ ဦးအောင်စိုးကို အနားပေးပြီးတော့ လက်ရှိ ဦးဌေးဝင်အောင်လို့ခေါ်တဲ့ ကိုပြုံးချိုကနေပြီးတော့ လွှတ်တော်ကိုယ်စား ငြိမ်းချမ်း Process မှာ ပါဝင်ဆိုသော်လည်းပဲ […]