ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတနေရာက ဘောလုံးပွဲကျင်းပတဲ့နေရာကို ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်နေ့၊ နေ့လည် ၁ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နေ့လည်တစ်နာရီလောက်က။ ပတ်ပတ်ပြီးတော့ ထိုးဆင်းတာ” လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတဦးက ပြောပါတယ်။
အသေခံဒရုန်းနဲ့ မတိုက်ခိုက်မီ ကင်းထောက်ဒရုန်း အရင်ဝဲပြီးနောက် အသေခံဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေထံကနေ သိရပါတယ်။
အသေခံဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားတချို့ထိခိုက်မှုရှိတယ်လို့ ပြောဆိုကြပြီး ကန္တာရဝတီတိုင်း ( မ် ) က ထိခိုက်မှုစာရင်းကို မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာလည်း အာဏာသိမ်းစစ်တပ်က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ဒရုန်း၊ လက်နက်ကြီးနဲ့ လေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။







