spot_img
Homeသတင်းဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ အသေခံဒရုန်း အသုံးပြုပြီး ဗုံးကြဲ

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ အသေခံဒရုန်း အသုံးပြုပြီး ဗုံးကြဲ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ အသေခံဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ကင်းထောက်ပြီး ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ဗုံးအလုံးရေ ၄လုံးခန့်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာလည်း အသေခံဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်း လူထိခိုက်မှု မရှိပေမယ့် တဲအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“ဒီရက်တော့ မနက် ၉ နာရီကျော်၊ ၁၀ နာရီလောက်မှာ ဒရုန်းနှစ်စီးနဲ့ ၃လုံး လာကြဲတယ်။ မနေ့ညက လေယာဉ်နဲ့ ၄ လုံးကြဲတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ လူထုနေထိုင်တဲ့ နေရာတွေအနီးကို နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာလည်း အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ နေ့စဉ်ရက်ဆက် ကင်းထောက်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး အရပ်သားထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ