spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“YAC ကိုကူ VIGOကိုယူ” ဆိုတဲ့ ကမ်ပိန်းဟာ YAC ကျောင်းအတွက် အရမ်းအရေးကြီးဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ်(YAC)ရဲ့ ကျောင်းကနေ ပြုလုပ်တဲ့ “YAC ကိုကူ VIGOကို” ယူဆိုတဲ့ ကမ်ပိန်းဟာ YAC ကျောင်းအတွက် အရေးကြီးပြီး ကျောင်းလိုအပ်ချက် တွေကို အဓိကပြန်လည်ဖြည့်တင်းနိုင်ဖို့ ဖြစ်တယ်လို့ ကျောင်းတာဝန်ခံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျနော်တို့အခုဆိုရင် ကျနော်တို့ကျောင်းမှာ ပြန်လည် ပြုပြင်ဆောက်လုပ်ရေးတွေပြုလုပ်နေတာမျိုးတွေရှိတယ်။ ကာဗာကျင်းတွေ ပြန်လုပ်နေတာရှိတယ် ဆိုတော့ ကျနော်တို့ဒီနေရာတွေမှာက ကုန်ကျမှုတွေများတယ်။ ကုန်စျေးနှုန်းတွေလည်း အရမ်းမြင့်တက်နေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီအရာတွေကို ကျနော်တို့ပြုလုပ်တဲ့အခါမှာဆိုရင် ဒီကမ်ပိန်းက ကျနော်တို့ YACကျောင်းအတွက်အရမ်းအရေးကြီးတယ်။”လို့ ကျောင်းတာဝန်ခံကဆိုပါတယ်။

ဒါ့အပြင် ကျောင်းသုံးပစ္စည်း၊ ကျောင်းဝန်ထမ်းလစာ၊ ကျောင်းသားတွေအတွက် စားနပ်ရိက္ခာ စတဲ့ အပိုင်းတွေမှာလည်း လိုအပ်ချက်များနေတယ်လို့ သိရပါတယ်။

လက်ရှိ ကမ်ပိန်းဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ စတင်ခဲ့ပြီး လာမည့် မေလ ၁၀ ရက်နေ့မှာ သတ်မှတ်ရက် ပြည့်တော့မှာ ဖြစ်ပေမဲ့ လက်ရှိမှာ ကံစမ်းမဲလက်မှတ်ရဲ့ ၇၀ ရာခိုင်နှုန်းထိသာ အောင်မြင်သေးတယ်လို့ ဆိုပါတယ်။

ကမ်ပိန်း အတွက် လက်မှတ်အစောင်ရ ၅၀၀၀ ရောင်းချဖို့ရှိပြီး ကျပ်သိန်းတစ်ထောင်ပြန်လည်ရရှိဖို့ မျော်မှန်းထားတယ်လို့ ဆိုပါတယ်။

ကမ်ပိန်းမှာ ပထမဆုအနေနဲ့ VIGO 4*4 Wheel ကားတစ်စီး၊ဒုတိယဆုကို ရွှေဆွဲကြိုး တစ်ကုံးနဲ့ တတိယဆုကိုတော့ YAC ကျောင်းသူလေးတွေ ကိုယ်တိုင်ယက်လုပ်ထားတဲ့ ကယားဂျက်ခုတ်အထည်ရရှိမှာဖြစ်ပြီး မဲလက်မှတ်တစ်စောင်ကိုတော့ မြန်မာငွေကျပ် နှစ်သောင်းနဲ့ ရောင်းချနေတာဖြစ်ပါတယ်။

လက်ရှိမှာ YAC ကျောင်း အပတ်စဉ် ၁ ကို ကျောင်းသား ၆၀ နဲ့ ကျောင်းဝန်ထမ်း ၁၁ယောက်နဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts