spot_imgspot_imgspot_imgspot_img
Saturday, May 11, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးဒဏ်ကြောင့် စိတ်ဒဏ်ရာရတဲ့ ကလေးတွေအတွက် ဂီတ သင်တန်းကျောင်းဖွင့်လှစ်

Author

Date

Category

ထွေးထွေး/ ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ ကလေးတွေကို စိတ်ပျော်ရွှင်မှုတွေပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဂီတသင်တန်းကျောင်းတစ်ခုဖြစ်တဲ့ Htel Phoe Music Learning Center ကို ဖွင့်လှစ်ထားပါတယ်။

ဒီသင်တန်းကျောင်းကို တော်လှန်ရေးစတင်ချိန်ကတည်းက ၃ လတာ သင်တန်း ဆိုတဲ့အမည်နဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၆လတုန်းကစပြီး Htel Phoe Music Learning Center ဆိုတဲ့ နာမည်နဲ့ ပြောင်းလဲဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

“ဒီစစ်ဘေးဒဏ်ကြောင့် ကလေးတွေကိုအဓိက ရည်ရွယ်ပြီး ဖွင့်တယ်ပေါ့နော်။ သူတို့ရဲ့ ဒေသမှာ အဓိက သူတို့ကို ဒီလက်နက်ကြီးသံတွေ လေယာဥ်သံတွေ အသံတွေကြားတာပေါ့နော်။ သူတို့ကို ပျော်ရွှင်မှုဖြစ်စေဖို့အတွက်ပေါ့နော်၊ မျှော်လင့်ချက်တွေ ထားရှိစေဖို့ အတွက်ပေါ့နော်။ ပြီးတော့ ကျမတို့ကလေး ဒီကြားတဲ့က ကလေးတွေဆိုရင် ကလေးမဟုတ် လူငယ်မဟုတ်တဲ့ ကလေးတချို့ ရှိတယ်ပေါ့နော်။ သူတို့က ပိုပြီးတော့ ဒီစစ်ဘေးဒဏ်ကို Trauma(စိတ်ဒဏ်ရာ) ရနိုင်ဖို့ မြင်တယ်ပေါ့နော်။ ဆိုတော့ သူတို့တွက် ဒီ Music Learning Center ဖွင့်ပေးပြီးတာ့ ဂီတကို သင်ကြားပေးခြင်းအားဖြင့် သူတို့ရဲ့ စိတ်ကို ကုစားပေးပြီးတော့ သူတို့ကို ပိုပြီးတော့ မျှော်လင့်ချက်ရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ Music Learning Centerကို ဖွင့်ရခြင်းဖြစ်တယ်ပေါ့နော်” လို့ ကျောင်းဖွင့်လှစ်ထားတဲ့ ဆရာမ မော်ဖရေမြာက ပြောပါတယ်။

လက်ရှိမှာတော့ သင်တန်းကျောင်းမှာအသုံးပြုတဲ့ ပစ္စည်းတွေ လုံလောက်မှုမရှိသေးတာကြောင့်၊ သင်တန်းအပတ်စဉ်တစ်ခုကို ကျောင်းသားဦးရေ ၂၀ ဦး ထိပဲလက်ခံရတယ်လို့လည်း ဆိုပါတယ်။ အဆိုပါကျောင်းမှာ သင်ကြားပေးသူဝန်ထမ်း ၂ ဦးရှိတာပါ။

အဆိုပါကျောင်းဟာ ဂီတ ပိုင်းမှာ အဓိကဝါသနာပါတဲ့ အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား အရွယ်တွေကို ဦးစားပေးခေါ်ယူ သင်ကြားပေးတယ်လို့လည်း ဆိုပါတယ်။

ဂီတပိုင်းဆိုင်ရာကို သင်ကြားပေးပြီးတဲ့ နောက်ပိုင်းမှာ သင်တန်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ရှိလာတယ်လို့လည်း မော်ဖရေမြာ ကပြောပါတယ်။

“ဟုတ် ဒီခလေးတွေကို စာစသင်ပြီးတဲ့ နောက်ပိုင်းမှာ ဒီခလေးကို မြင်ရတာကတော့ပေါ့နော် မျှော်လင့်ချက်တစ်ခုလို့ မြင်ရတယ်။ သူတို့ တယောတီးတယ်၊ သူတို့ ဂီတာ တီးတယ်၊ ပီယံနို (piano) တီးတဲ့ အချိန်မှာ သူတို့ ခက်ခက်ခဲခဲ သူတို့ ခက်ခဲတဲ့ ပညာ‌ရေး တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ သူတို့ ကြိုးစားပြီး သင်ယူတယ်။ သူတို့ သင်ယူပြီး သီချင်းတစ်ပုဒ်တီးနိုင်တာဖြစ်ဖြစ်၊ သူတို့ Level (အဆင့်) တစ်ခုကို ပြီးသွားတာပဲဖြစ်ဖြစ် သူတို့မှာ ပိုပြီးတော့ ပျော်တာကို မြင်ရတယ်။ ပြီးတော့ သူတို့ကို သူတို့တွက်ပေါ့နော် ဒါက အနာဂတ်မှာ ဘာလုပ်နိုင်လည်းလို့ သူတို့ဟာသူတို့ကို ပြန်မေးမြန်းတဲ့ အချိန်မှာ တယောတီးနိုင်တယ်။ ဒီ Music ပိုင်းမှာလုပ်ဆောင်နိုင်တယ်လို့ သူတို့ဟာသူတို့ Confidence ရှိရှိနဲ့ သူတို့ ပြောထွက်နိုင်တာပေါ့နော်။ အဲ့လိုမျှော်လင့်ချက်တွေ တွေ့ရတယ်။” လို့ မော်ဖရေမြာက ပြောပါတယ်။

အဆိုပါသင်တန်းကျောင်းကို အပတ်စဉ်တစ်ခုကို ၃လ တစ်ကြိမ် ဖွင့်လှစ်ပေးတာဖြစ်ပြီး အပတ်စဉ်တစ်ခုပြီးဆုံးတိုင်း နောက်ထပ် တဆင့်ကို တက်ရောက် ခွင့်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts