spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းတွင် အင်းရေတက်သဖြင့် လယ်ဧက ၃ဝခန့်နှစ်မြှုပ်

Author

Date

Category

မူဂျာမီလှိုင်

ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်းရှိ ကျေးရွာအချို့တွင် နှစ်စဉ်နှစ်တိုင်း အင်းရေတက်သော်လည်း ယခုနှစ်မှာ မိုးများသည့်အတွက်ကြောင့် လယ်ဧက ၃ဝခန့် ရေမြှုပ်သွားကြောင်း သိရသည်။

” လယ်လုပ်ရင် ထမင်းရှိတယ် စပါးသာမမြုပ်ရင် ဘာမှမပူရဘူး၊ အခုစပါးကရေမြှုပ်တော့ ဘာစားရတော့မလဲ မသိဘူးဖြစ်နေတယ်” ဟု နမ့်ပေါ်လုံကျေးရွာ ဒေသခံတောင်သူ ဒေါ်အုန့်ကဆိုသည်။

ဖယ်ခုံအရှေ့ဘက်ကမ်းတလျှောက်ရှိ တောင်သူများသည် အင်းရေကိုအမှီပြုကာ မိုးစပါးစိုက်ပျိုးနေကြသည်။ သို့သော်ယခုနှစ်တွင် အင်းရေတက်လာပြီး တောင်သူများစိုက်ပျိုးထားသည့် မိုစပါးများ ရေမြှုပ်ကုန်သည်။

စပါးပင်များသည်လည်း ရိတ်သိမ်းချိန်မတန်သေးသည့်အတွက် ပိုဆုံးရှုံးကြရသည်။ ယခင်နှစ်များတွင်လည်း စပါးရိတ်သိမ်းချိန်တွင် အင်းရေတက်လာသည့်အတွက် လှေများနှင့် စပါးများကို လိုက်လံသိမ်းဆည်းခဲ့ကြရသည်။ ထို့ကြောင့် အလုပ်သမားခများ ဈေုးတက်သည့်အပြင် လုပ်သားများ ရှားပါးခြင်းများ ကြုံတွေ့ခဲ့ရသည်။

အနှံမထွက်သေးသည့် စပါးပင်များ ရေမြှုပ်နေပုံ

“စဉ်းစားကြည့်ရင် အိပ်မပျော်ဘူး အကြွေးတွေကလည်းရှိ စပါးကလည်းမြုပ်တော့ပိုဆိုးတာပေါ့” ဟု တောင်သူတစ်ဦးက ဆိုသည်။ ယခင်က စပါးရှိ၍ဆန်မဝယ်စားရဘဲ၊ ယခုနှစ်တွင်မှာတော့ ဆန်ဝယ်ရတော့မည်ဖြစ်သည့်အတွက် ပိုခက်ခဲတော့မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မြှုပ်သွားသည့် လယ်ချို့မှာ အသီးမရင့်မှည့်သေးသဖြင့် ရိတ်သိမ်း၍မရသေးသော်လည်း အချို့တောင်သူများက လိုက်လံရိတ်သိမ်းနေကြသည်။ မရင့်မှည့်သေးသည့် စပါးပင်များကို လိုက်လံရိတ်သိမ်းနေသည့် တောင်သူတစ်ဦးက “မတတ်နိုင်ဘူးလေ ဒါဘဲရိတ်ရမှာပေါ့၊ နည်းနည်းဆိုလည်း နည်းနည်းစားရတာပေါ့” ဟု ပြောသည်။

ယခင်နှစ်များတွင် စပါးပင်ရေမြှုပ်သော်လည်း အချို့လိုက်လဲသိမ်းဆည်းမီ၍ အနည်းငယ်စားရသေးသည်။ သို့သော် ယခုနှစ်တွင်မူ စပါးမရင့်မှည့်သေးဘဲ ရေတက်သည့်အတွက် စားသောက်ရန် ရှိတော့မည်မဟုတ်ကြောင်း ဒေသခံများက ဆိုသည်။

“မနှစ်ကဆို ရေကြီးတယ်ဆိုပေမဲ့ နည်းနည်းစားရသေးတယ် ဒီနှစ်တော့ မစားရတော့ဘူး” ဟု နမ့်ပေါ်လုံရွာမှ တောင်သူဒေါ်ခင်သန်းက ဆိုသည်။

ရေမြှုပ်နေသည့် ကျေးရွာများမှာ ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စု နမ့်ပေါ်လုံ၊ မခေခမ်းနှင့် နမ့်ဆွမ်းစသည့် ရွာများဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts