spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကန့်ကွက်မှုတွေရှိနေတဲ့ ခဲသတ္တုသန့်စင်စက်ရုံတည်ဆောက်မှုကို ပြန်လည်သုံးသပ်သွားမည်ဟု KySDP ၏ ကိုယ်စားလှယ်လောင်းကတိပေး

Author

Date

Category

နော်ဒွေးအယ်ခူ

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိပါက အရပ်ဖက်အဖွဲ့အစည်းနှင့် ပြည်သူလူထုကန့်ကွက်နေတဲ့ လွိုင်ကော်မြို့က ခဲသတ္တုသန့်စင်စက်ရုံတည်ဆောက်နေမှုအပေါ် ပြန်လည်သုံးသပ်သွားမည်မယ်လို့ ကယားပြည်နယ်ဒီ မိုကရက်တစ်ပါတီ (KySDP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကတိပေးပြောကြားခဲ့သည်။

“သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တစ်စိုက်မတ်မတ်လုပ် သွားမယ်လို့ကတိပေးတယ်။ ခဲသတ္တုသန့်စင်စက်ရုံပုံစံမျိုးကို ပြန်လည်သုံးသပ်ပြီးတော့မှ ကျွန်တော်တို့ပြည်သူ တွေအတွက် ဘယ်လောက်ထိ အကျိုးရှိစေသလဲ၊ ဘယ်လောက်ထိအကျိုးပျက်ဆီးစေသလဲဆိုတဲ့ဟာမျိုးကို ပြန်ပြီး လေ့လာသုံးသပ်ဖို့လိုအပ်တယ်လို့ ကျွန်တော်တို့အနေနဲ့မြင်တယ်။ ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ ကျွန်တော်တို့ကို မဲပေးခဲ့လို့ လွှတ်တော်ထဲရောက်သွားမယ်၊ အစိုးရအဖွဲ့ထဲရောက်သွားမယ်ဆိုလို့ရှိရင် ဒီစီမံကိန်းတွေကို ပြန်ပြီးတော့မှ သုံးသပ်နိုင်ဖို့အတွက် တကယ်ကော သူတို့တွေ EIA/SIA ပုံစံမျိုးတွေ တကယ်ကောလုပ်သလားပေါ့။ EIA၊ SIA နဲ့မပြီးဘူး CRA HIA တို့လိုမျိုး အများကြီးရှိတယ်ပေါ့နော။ အဲဒါတွေနဲ့ ဘယ်လောက်ထိ စမ်းသပ်စစ်ဆေးပြီးတော့မှ သုတေသနလုပ်ပြီးတော့မှ ဒီစက်ရုံတွေလည်ပတ်ဖို့အတွက် ကြိုးစားနေတယ်ဆိုတဲ့ဟာကို ပြန်လေ့လာပြီးတော့မှ ပြန်သုံးသပ်ပြီးတော့မှ ရပ်နားသင့်/မသင့် မဟုတ်လို့ရှိရင် ရွေ့ပြောင်းသင့်/မသင့် ဆုံးဖြတ်ရလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်တယ်ပေါ့။ ဒါတွေကိုလည်း တစ်စိုက်မတ်မတ် လုပ်သွားမယ်ဆိုတဲ့ကတိမျိုး ကျွန်တော်တို့အနေနဲ့ပေးချင်ပါတယ်” ဟု စတီဗင် (ခ) ထွန်းထွန်းက ပြောသည်။

လွိုင်ကော်မြို့ စက်မှုဇုံ ၂ မှာတည်ဆောက်နေတဲ့ ခဲသတ္တုကုန်ချောစက်ရုံကို ပြီးခဲ့တဲ့ သြဂုတ်လက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကနေ သွားရောက်လေ့လာခဲ့တဲ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ- ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် စတီဗင် (ခ) ထွန်းထွန်းက ပြီးခဲ့တဲ့ လွိုင်ကော်မြို့ ကုန်းသာကျေးရွာအုပ်စုက်ကို အောက်တိုဘာလ ၂၁ ရက်က မဲဆွယ်စည်းရုံးရေးဆင်းချိန်မှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ခဲသတ္တုသန့်စင်စက်ရုံက ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု အနောက်ဖက် စက်မှုဇုန်အပိုင်း ၂ ရှိ မြေဧက (၁၁၃) ပေါ်မှာ တည်ဆောက်နေတာဖြစ်ပြီး အနိုင်ရပါက စက်ရုံတည်ဆောက်နေတဲ့အခြေအနေတွေကို ပြန်လည်သုံးသပ်မယ်လို့ ဆိုပါတယ်။

ခဲသတ္တုသန့်စင်စက်ရုံကို Global South Industrial Co.Ltd နှင့် ပြည်တွင်းက ရတနာကုဋေသိုက်ကုမ္ပဏီလိမိတက်တို့ ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ပြီး ခဲမဖြူ၊ အဖြိုက်နက်နှင့်ရောရာသတ္တုတွေကို ကုန်ချောထုတ်လုပ်ငန်းကိုလုပ်ဆောင်ဖို့ သတ္တုသန့်စင်စက်ရုံတည်ဆောက်နေခြင်းဖြစ်ပါတယ်။

ထိုစီမံကိန်းအတွက် Global South Industrial Co.Ltdအနေဖြင့် အမေရိကန်ဒေါ်လာသန်း ၄၅ သန်း (စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၉၀%)၊ ရတနာကုဋေသိုက်ကုမ္ပဏီလိမိတက်အနေဖြင့် အမေရိကန်ဒေါ်လာ ၅ သန်း (စုစုပေါင်းရင်းနှီးမြှုပ်နှံပမာဏ ၏ ၁၀%) စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။

စီမံကိန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံကနေ ခွင့်ပြုမိန့်အမိန့် (၁၆၈/၂၀၁၉)ဖြင့် နှစ်၅၀ လုပ်ပိုင်ခွင့်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်နေ့က ရရှိထားပြီး လုပ်ငန်းကိုအကောင်အထည်ဖော် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဓာတ်သတ္တုကုန်ကြမ်းရဲ့ နောက်ဆက်တွဲသက်ရောက်မှုနှင့်ပတ်သက်လို့ ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE)၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) ကို လေ့လာဆန်းစစ်ဖို့ လုပ်ဆောင်တာတွေ ရှိ/မရှိ ပြည်သူလူထုတွေအနေဖြင့် မသိရဘူးလို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ ကရင်နီပြည်တာဝန်ခံ ခွန်းအန်းဂျလိုက ဝေဖန်ခဲ့ပါတယ်။

၎င်းက “ဒီစက်ရုံတွေနဲ့ပတ်သက်ပြီး လူထုတွေက မသိနားမလည်ခဲ့ဘူး။ ကုမ္ပဏီတွေက လက်ရှိ ဦးဝင်းမော်နဲ့ပတ်သက်တဲ့ Global South Industrial Co.ltd လည်း EIA၊ SIA လုပ်ထားတာလည်း ဘာမှမရှိဘူး။ ပြီးတော့ HIA ကျန်းမာရေးနဲ့ပတ်သက်တဲ့ လေ့လာဆန်းစစ်ချက်တွေ သူတို့ဘားမှမလုပ်ဘူး။ အဲဒါကြောင့် မလုပ်ဘဲနဲ့ ဒီစက်ရုံကို MIC က ဘယ်လိုလုပ် ခွင့်ပြုမှုပေးလဲဆိုတာ ကျတော့်အနေနဲ့စိုးရိမ်မှုဖြစ်တယ်” လို့ပြောပါတယ်။

အဆိုပါစက်ရုံတည်ဆောက်မှုနှင့်ပတ်သက်ပြီး ကရင်နီအကြီးစားရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးကွန်ယက် (KMIW) ကနေ ပူးပေါင်းကြံစည်မှုအစီရင်ခံစာပါ အကြောင်းအရာကို သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ကုမ္ပဏီကနေ ကောင်းကျိုး/ဆိုးကျိုးတွေကို ချပြတာမရှိဘူလို့ဝေဖန်ထားပါတယ်။

သက်ဆိုင်ရာ Global South Industrial Co.ltdဘက်က ဒါရိုက်တာ ဦးဝင်းမော်ကို အရင်ကဆက်သွယ်မေးမြန်းခဲ့ဖူးစဉ်အချိန်ကတော့ လက်ရှိတည်ဆောက်နေချိန်မှာပဲတဆက်တည်း EIA၊ SIA တွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်နေတယ်လို့ ဖြေကြားခဲ့ဖူးတာရှိပါတယ်။

စက်ရုံတည်ဆောက်မှုအပေါ် ကရင်နီအရပ်ဖက်အဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့ ကန့်ကွက်မဲ လေးထောင်ကျော်ရရှိထားပြီး ကန့်ကွက်မဲတစ်သောင်းကျော်ရရှိပါက ဒု-သမ္မတဦးဟန်နရီဗန်ထီးယူထံ ဆက်လက်တင်ပြသွားဖို့စီစဉ်ထားတဲ့အပေါ်မှာ ဒေသခံကိုယ်စားလှယ်လောင်းတွေက အသုံးပြုမဲဆွယ်ခြင်းဖြစ်ပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီဖြစ်ပြီး ကယားပြည်နယ် မြို့နယ် (၇) မြို့နယ်ရှိ မဲဆန္ဒနယ် ၃၄ နေရာအနက် ၃၀ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

spot_img
spot_img

Recent posts