spot_imgspot_imgspot_imgspot_img
Sunday, April 20, 2025
spot_imgspot_imgspot_imgspot_img

ကန်ခုနှစ်ဆင့်ရေကန်ပတ်လည်တွင် စိုက်ထားသည့် အပင်များဖျက်ဆီးခံရ

Author

Date

Category

မူအက်စတာ

ကယားပြည်နယ် ခရီးသွားလုပ်ငန်းအထင်ကရနေရာတစ်ခုဖြစ်သည့် ဒီးမောဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ၊ ကန်ခုနှစ်ဆင့်  တွင် စိုက်ပျိုးထားသည့် သစ်ပင်များ ဖျက်ဆီးခံရသည်ဟု ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှ တောခေါင်း ဦးပါတလိုက ပြောသည်။

“နွားတွေ တက်နင်းကုန်တယ် ကျနော်တို့ ကန့်ကွက်လည်း မရဘူးကော၊ ကျနော်တို့ ဆိုင်းဘုတ်တွေလည်း ဖျက်ကုန်တယ် ငါတို့တောင်ယာတွေမှာ သစ်ပင်စိုက်ရလားဆိုပြီးတော့မှ သစ်ပင်တွေ ဆွဲနုတ်လိုက်ကုန်တယ် ကျနော်တို့ ဆက် မစိုက်ဖြစ်တော့ဘူး ” ဟု ဦးပါတလိုက ပြောသည်။

ကန်ခုနှစ်ဆင့်ပတ်လည်ရှိ စိုက်ထားသောသစ်ပင်များသည် နွားများအား စည်းကမ်းမဲ့ ပရမ်းပတာ မောင်းနှင်ခြင်းကြောင့် ပျက်စီးခဲ့ရပြီး ပြီးခဲ့သည့် ဇူလိုင်လတွင်း စိုက်ပျိုးထားသည့် သစ်ပင်များသည်လည်း နွားများကြောင့် ဆက်လက်မရှင်သန်နိုင်ပဲ စိုက်ထူထားသည့် ပနက်သာ ကျန်ရှိတော့ကြောင်း တွေ့ရသည်။

ကယားပြည်နယ် (၈၈)မျိုးဆက်အင်အားစုမှ ဦးဘန်ဒီက “ဟုတ်တယ် ကျနော်တို့စိုက်ထားတဲ့ ပနက်တွေလည်း တချောင်းမှမကျန်တော့ဘူး” ဟုလည်း ၎င်းတို့အဖွဲ့မှ လာရောက်စိုက်ပျိုးထားသည့် သစ်ပင်များသည်လည်း ဖျက်ခံလိုက်ရကြောင်း ဆိုပါ သည်။

ကန်ပတ်လည်တွင် ယခင်ကစိုက်ထားသည့် သစ်ပင်များ မတွေ့ရတော့သည့်အတွက် တနီးလာလဲရွာမှ တောင်သူတစ်ဦးအား မေးမြန်းရာ ၎င်းက “ သေကုန်တာနေမှာ၊ ပြီးတော့ နွားတွေ ကျွဲတွေလည်း ဖြတ်နင်းတော့ သေသွားကုန်တာထင်တယ်”ဟု    ပြောပြခဲ့သည်။

ယခုလို ကျွဲနွား တိရိစာ္ဆန်များက ပရမ်းပတာသွားလာနေခြင်းအပေါ်သစ်တောဌာနအနေနှင့် တားဆီးကာကွယ်မှု ပြုလုပ်         မပေးနိုင်ကြောင်း ဦးပါတလိုကပြောသည်။

spot_img
spot_img
spot_img

Recent posts