spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)သတင်းထုတ်ဝေမှု လက်မှတ် စစ်ကောင်စီရုတ်သိမ်းကြောင်း ကြေညာ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အခြေစိုက် ကန္တာရဝတီတိုင်း(မ်)သတင်းဌာနမှ ရေးသားထုတ်ဝေလျက်ရှိတဲ့ သတင်းအကြောင်းအရာများကို ဥပဒေနဲ့အညီစည်းကမ်းချက်ကို လိုက်နာခြင်းမရှိတဲ့အတွက် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၂ခုနှစ် ဩဂုတ်လ ၂၉ရက်နေ့မှစ ရုတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ကြေးမုံသတင်းစာမှ ဒီကနေ့ စက်တင်ဘာလ ၃ ရက်နေ့မှာ အသိပေးကြေညာထားပါတယ်။

စစ်ကောင်စီက ရုတ်သိမ်းကြောင်းကြေညာတဲ့ အဆိုပါ ထုတ်ဝေခွင့်လက်မှတ်ဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ထုတ်ဝေခွင့် ကုန်ဆုံးသွားပြီးဖြစ်ပြီး ထပ်မံ သက်တမ်းတိုးထားခြင်းမရှိကြောင်း စာဖတ်ပရိသတ်ကို အသိပေးအပ်ပါတယ်။

 ကန္တာရဝတီတိုင်း(မ်) သတင်းဌာနဟာ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသတွေမှာ အခြေစိုက်ကာ သတင်းလုပ်ငန်းတွေကို စတင်ဆောင်ရွက်ခဲ့ပါတယ်။

 ၂၀၁၂ခုနှစ် မှာ ကရင်နီပြည်တွင်းကိုဝင်ရောက်အခြေချပြီး အရပ်သားအစိုးရ ဖြစ်တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာနမှ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို လျှောက်ထားခဲ့ပါတယ်။

 ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းဌာနတစ်ခုဖြစ်ပြီး သတင်းကျင့်ဝတ်နှင့်အညီ ကရင်နီပြည်တွင်းက ဖြစ်ပျက်နေတဲ့ သတင်းအကြောင်းအရာတွေကို ဒီကနေ့အချိန်ထိ တင်ဆင်ပေးလျက်ရှိနေပါတယ်။

ကရင်နီပြည်တွင်းမှာ  ၂၀၁၃ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း ဂျာနယ်ထုတ်ဝေခဲ့ပြီးနောက် ၂၀၂၁ခုနှစ်မှစ အွန်လိုင်းပလက်ဖောင်းတစ်ခုတည်းသာ သတင်းများကို ရေးသားတင်ဆက်ခဲ့ပါတယ်။

 စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်းက ဖြစ်ပျက်နေတဲ့သတင်းအကြောင်းအရာတွေကို စဉ်ဆက်မပြတ် ရေးသားဖော်ပြခဲ့ကြပါတယ်။

လက်ရှိမှာလည်း အွန်လိုင်းပလက်ဖောင်းမှတဆင့် ဖေ့ဘွတ်၊ ဝက်ဆိုက်၊ ယူကျူ့ တွေမှာ သတင်း၊ ရုပ်သံဗီဒီယိုတွေကို တင်ဆင်ပေးလျက်ရှိနေပါတယ်။

 အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာ စစ်ကောင်စီမှ ကန္တာရဝတီတိုင်း(မ်)သတင်းဌာနအပါအဝင် Myanmar Now၊ DVB ၊ ခေတ်သစ်မီဒီယာ၊ Mizzima၊ 7Day ၊ ရှမ်းပြည်အခြေစိုက် တာချီလိတ်သတင်းအေဂျင်စီ၊ ကချင်ပြည်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်၊ The 74 Media တွေကို သတင်းလုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းလိုက်ကြောင်း ကြေညာထားပါတယ်။

spot_img
spot_img