spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယန်းဒေသတွင်း COVID-19 ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ၅ ခု ထားရှိမည်

Author

Date

Category

ခွန်းကလိုင်းဖရီး

ရခိုင်ပြည်နယ်မှတစ်ဆင့် COVID-19 ရောဂါ တစ်ကျော့ပြန် တစ်ရှိန်တိုး ကူးစက်လာတာကြောင့် ကယန်းပြည် သစ်ပါတီ(KNLP)ရဲ့ ဗဟိုကော်မတီ ညွှန်ကြားချက်နဲ့ COVID-19 ကာကွယ်ရေးတားဆီးရေးအတွက် ကယန်း ဒေသတွင်း ကျန်းမာရေးစစ်ဆေးရေးဂိတ် (၅) ခု ထားရှိသွားမယ်လို့ ကယန်းဒေသ COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးတုန့်ပြန်ရေးကော်မတီက သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကယန်းဒေသ COVID-19 ကပ်ရောဂါကာကွယ်တားဆီးတုန့်ပြန်ရေးကော်မတီ ဥက္ကဌ ဦးစိုးနိုင်သန်းက ကျနော်တို့ စောနိုင်သလောက် စောအောင်လုပ်မယ်။ အခု ပစ္စည်းတွေ၊ လိုအပ်တဲ့ ဟာတွေ စုဆောင်းတုန်း။ ပြည့်စုံတာနဲ့ တစ်ခါတည်းစမယ် လို့ ကန္တာရဝတီတိုင်းမ်ကို ပြောပါတယ်။

၄င်းက စစ်ဆေးရေးဂိတ်တွေမှာ ဒေသတွင်း ဝင်ထွက်သွားလာတဲ့ ပြည်သူတွေကို အပူချိန်တိုင်းတာနဲ့ စာရင်း ကောက်ယူတာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အခုလို ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့နဲ့ ကူညီပံ့ပိုးပေးကြဖို့ ကော်မတီက တိုက်တွန်းထားပါတယ်။

ဒီလို ကျန်းမာရေးစစ်ဆေးရေးဂိတ်အပြင် ကယန်းဒေသတွင်းရှိ ကျေးရွာတွေကို ကျန်းမာရေးဆိုင်ရာ အသိ ပညာပေးခြင်းနဲ့ ကာကွယ်မှုဆိုင်ရာတွေကို လက်တွေ့ကျကျပေါ့၊ သွားရောက်လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် အရမ်းကောင်းပါတယ်။ ဒီလိုစစ်ဆေးရေးဂိတ်တွေမှာလည်း ပူးပေါင်းပါဝင်ဖို့ကို တစ်ခါတည်းတိုက်တွန်းပေးရာ လည်း ကျတာပေါ့လေ။ လို့ မိုးဗြဲကျေးရွာအုပ်စုမှာ နေထိုင်တဲ့ မူတီးနမိုင်းက ပြောပါတယ်။

အဆိုပါ စစ်ရေးဂိတ်တွေကို ကယန်းဒေသတွင်း အဓိကလမ်းမတွေမှာ ကဖုစစ်ဆေးရေးဂိတ်၊ ဗဟုန်း စစ်ဆေးရေးဂိတ်၊ အောင်နန်းချိုစစ်ဆေးရေးဂိတ်၊ တောင်စလုံးစစ်ဆေးရေးဂိတ်နဲ့ ဆောင်နန်းကဲစစ်ဆေး ရေးဂိတ်တွေကို ထားရှိမှာ ဖြစ်ပါတယ်။

ယခင်က ကယန်းဒေသတွင်းမှာ ကိုးဗစ်ကာကွယ်တားဆီးရေး ကျန်းမာရေးစစ်ဆေးရေးဂိတ် (၈) ခုထားရှိဖူးပြီး အခြေအနေ ငြိမ်သက်လာတာကြောင့် ရုပ်သိမ်းခဲ့ပေမယ့် အခုလို ဒုတိယလှိုင်းအနေနဲ့ ပြန်လည်ဖြစ်ပေါ်လာလို့ စစ်ဆေးရေးဂိတ် ၅ ခုကို ပြန်ပြီး ထားရှိရတာလို့ သိရပါတယ်။

spot_img
spot_img

Recent posts